ရုရှားနိုင်ငံတွင် အလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်ကြောင့် ရောဂါကူးစက်မှုများ မြင့်တက်နေချိန်တွင် ဇန်နဝါရီ ၂၉ ရက် က ပထမဆုံးအကြိမ်အဖြစ် နေ့အလိုက် ရောဂါကူးစက်ခံရသူအရေ အတွက် ၁၀၀၀၀၀ ကျော်အထိရှိခဲ့သည်။
ရုရှားအစိုးရ၏ COVID-19 သတင်း ဝက်ဘ်ဆိုက်တွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရောဂါကူးစက်ခံရသူ သစ် ၁၁၃၁၂၂ ဦးရှိကြောင်း ဖော်ပြခဲ့ပြီး ယင်းသည် ပြီးခဲ့သည့် သီတင်းတစ်ပတ်က နေ့အလိုက်ရောဂါကူး စက်ခံရသူအရေအတွက်ထက် နှစ်ဆနီးပါး မြင့်တက်ခဲ့ခြင်းဖြစ်သည်။
ရုရှားနိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်မှုများ ဆက်လက်မြင့်တက်နေပြီး အများစုမှာ အိုမီခရွန်မျိုးကွဲ ကူးစက်ခံရသူများဖြစ်သည်။
ရုရှားသည် ကပ်ရောဂါကာလအစောပိုင်းက နိုင်ငံတစ်ဝန်း တင်းကျပ်သည့် လော့ဒေါင်းကို ယာယီချမှတ်ခဲ့သော်လည်း ၎င်း၏ ရုန်းကန်နေရသည့် စီးပွားရေးကို ကာကွယ်ရန် လော့ဒေါင်းချမှတ်မှုနှင့် တားမြစ်ကန့်သတ်ချက်များကို ဖြေလျှော့ခဲ့သည်။
ရုရှားတွင် ပြီးခဲ့သည့် လများအတွင်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးလေးမျိုးကို ထိုးနှံနိုင်ပြီဖြစ်သော်လည်း ရုရှားနိုင်ငံသားများသည် ကာကွယ်ဆေးထိုးနှံမှုခံယူရန် လိုလားခြင်းမရှိခဲ့ဘဲ နိုင်ငံလူဦးရေ၏ ထက်ဝက်ခန့်သာ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးစီးခဲ့သည်။
ကပ်ရောဂါအစပိုင်းကတည်းက COVID-19 ကြောင့် သေဆုံးသူ ၃၃၀၁၁၁ ဦးရှိ ခဲ့သည်ဟု ရုရှားအစိုးရက ထုတ်ပြန်သည့် ကိန်းဂဏန်းများတွင်ဖော်ပြခဲ့ပြီး ယင်းသည် ဥရောပတွင် ကပ်ရောဂါကြောင့် သေဆုံးသူ အများဆုံး အရေအတွက်ဖြစ်သည်။
မည်သို့ပင်ဆိုစေ ကပ်ရောဂါကိုကြောင့် သေဆုံးမှုများကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာပြီး စာရင်းကောက်ယူနေသည့် အစိုးရ၏ စာရင်းဇယားအေဂျင်စီ Rosstat က ထုတ်ပြန်သည့် သေဆုံးသူအရေအတွက်နှင့်ကွဲလွဲနေပြီး ကပ်ရောဂါကြောင့် သေဆုံးသူအရေအတွက်သည် တရားဝင်ထုတ်ပြန်ထားသည့် အရေအတွက်ထက် နှစ်ဆနီးပါး ပိုမိုများပြားနိုင်သည်ဟု Rosstat က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က ရုရှား၏ လူဦးရေသည် တစ်သန်းကျော်လျော့ကျသွားခဲ့ပြီး ယင်းသည် ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်ပိုင်း အများဆုံး လူဦးရေလျော့ကျမှုဖြစ်သည်ဟု ဇန်နဝါရီ ၂၈ ရက်က Rosstat က ပြောကြားခဲ့သည်။ရုရှားတွင် ရောဂါကူးစက်မှုများ မြင့်တက်နေမှုနှင့်အတူ အရှေ့အလယ်ပိုင်း၊ ဥ ရောပနှင့်အာရှ တို့တွင်COVID-19 ကူးစက်ခံရသူအရေအတွက်မြင့်တက်ခဲ့ပြီး ကမ္ဘာတစ်ဝန်း၌ COVID-19 ကြောင့် သေဆုံးမှုနှုန်းမှာ လွန်ခဲ့သည့်သီတင်းတစ်ပတ်အတွင်း ငါးပုံ တစ်ပုံမြင့်တက်ခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ နေ့အလိုက် ပျမ်းမျှကို ရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေသည်ပြီးခဲ့သည့် သီတင်းပတ်အတွင်း ၃.၃၆ သန်းအထိ ရုတ်တရက်ထိုးတက်သွားပြီး လွန်ခဲ့သည့် ခုနစ်ရက်ကျော်အတွင်း ရှစ်ရာခိုင်နှုန်း မြင့် တက်လာခဲ့သည်။မည်သို့ပင်ဆိုစေကာမူ ကူးစက်သူဦးရေမြင့်တက်မှုနှုန်းမှာ နှေးကွေးနေသည်ဟုအေ အက်ဖ်ပီသတင်းဌာနက ဇန်နဝါရီ ၂၇ ရက်တွင် ဖော်ပြခဲ့သည်။
မတူညီသော နိုင်ငံများ၏ ဗိုင်းရပ်စ်ကူး စက်ခံရသူ ရေတွက်မှု စနစ်နှင့် ဗိုင်းရပ်စ်ကူး စက်ခံရခြင်းရှိ၊မရှိ ရေတွက်မှု ကွဲပြားခြင်းနှင့် အတူ တရားဝင်ထုတ်ပြန်ထားသည့်အတည် ပြုလူနာအရေအတွက်သည် အမှန်တကယ် ကူးစက်ခံရသည့် လူနာအရေအတွက်၏ တစ်စိတ်တစ်ပိုင်းသာ သက်ရောက်မှုရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
