ANS (၆၃.၅ -၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကစားသမား ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲကို အောက်တိုဘာ ၁၅ ရက်တွင် ANS Fight Zone တွင် ကျင်းပသွားမည်ဖြစ်ပြီး ANS Facebook Page မှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ချန်ပီယံခါးပတ်လုကြမည့် ကစားသမား ၈ ဦးအတွက် တွဲဆိုင်းများကို မဲနှိုက်ခွဲဝေခဲ့ရာ စိန်လုံးချောနှင့် ကမ္ဘာရှား၊ သွေးသစ်မောင် နှင့် ကျားပေါက်၊ ရဲသွေးနီနှင့် အဲမွီ၊ ဇွဲရာမန်နှင့် သက်ဝင်းအောင်တို့ တွေ့ဆုံယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ANS အဖွဲ့အစည်းသည် အောက်တိုဘာ ၁၅ ရက်တွင် ကျင်းပမည့် ယင်းပြိုင်ပွဲတွင် မျိုးဆက်သစ်လူငယ်တွဲဆိုင်း နှစ်ဆိုင်းကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ထည့်သွင်းကျင်းပမည့် မျိုးဆက်သစ်လူငယ်တွဲဆိုင်း နှစ်ဆိုင်းမှာ အောင်လေးနှင့် ဂျာလ၊ အောင်ကိုလတ်နှင့် ရဲလင်းနိုင်တို့ ဖြစ်ကြောင်း သိရသည်။
ထို့ ကြောင့် ANS အဖွဲ့အစည်းသည် အောက်တိုဘာ ၁၅ ရက်တွင် တွဲဆိုင်း ၆ ဆိုင်း ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။
ANS အဖွဲ့ အစည်းသည် (၆၃.၅ -၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲကို အမှတ်ပေးစနစ်ဖြင့် ကျင်းပမည်ဖြစ်သော်လည်း အနားတောင်းခွင့်လည်း ပြုထားကြောင်း သိရသည်။
သို့သော် ကစားသမားနှစ်ဦး ယှဉ်ပြိုင်ထိုးသတ်နေစဉ် ကစားသမားတစ်ဦး အနားတောင်းပါက အနားတောင်းသည့် ကစားသမားကို အမှတ်နုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကစားသမားတစ်ဦး အကွဲများခြင်းကြောင့် တာဝန်ကျဆရာဝန်က ဆက်လက်ထိုးသတ်ရန်မသင့်ဟု သတ်မှတ်သော်လည်း ဆေးရှုံးဟု မသတ်မှတ်ဘဲ ယှဉ်ပြိုင်ထိုးသတ်ခဲ့သည့် ရမှတ်များကိုသာ တွက်ချက်၍ အနိုင်၊ အရှုံးကို ဆုံးဖြတ်သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းစနစ်များမှာ ယခုကျင်းပမည့် ANS (၆၃.၅ -၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲအတွက်သာ ခွင့်ပြုပေးထားခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ယင်းပြိုင်ပွဲအပေါ် မြန်မာ့ရိုးရာလက်ဝှေ့ပရိသတ်များက စိတ်ဝင်စားမှု မြင့်တက်နေလျက်ရှိ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
