အမေရိကန်လုပ် ATACMS ဒုံးကျည်များကို အသုံးပြုခဲ့ပြီးနောက် တစ်ရက်အကြာ နိုဝင်ဘာ ၂၀ ရက်တွင် ယူကရိန်းက ရုရှားကို British Strom Shadow ခရုစ်ဒုံးကျည်များဖြင့် ရုရှားဘက်သို့ အတွဲလိုက်ပစ်လွှတ်ခဲ့ရာ ယင်းဒုံးကျည်များသည် ရုရှားပစ်မှတ်များကို တိုက်ခိုက်ရာတွင် အသုံးပြုခွင့်ရရှိခဲ့သည့် အ နောက်အုပ်စု၏နောက်ဆုံးလက်နက်သစ် ဖြစ်လာခဲ့သည်။
British Strom Shadow ခရုစ်ဒုံးကျည်များဖြင့် တိုက်ခိုက်သည့် သတင်းကို ရုရှားစစ်သတင်းထောက်များက တယ်လီဂရမ်တွင် ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြနေသည့်အပြင် အမည်မဖော်လိုသော တာဝန်ရှိသူကလည်း တိုက်ခိုက်မှုများကို အတည်ပြုခဲ့သည်။ ယူကရိန်းစစ်ဦးစီးချုပ်အတွက် ပြောရေးဆိုခွင့်ရှိသူကမူ တိုက်ခိုက်သည်ဟူသော သတင်းကို ၎င်းမကြားရသေးဟု ပြောကြားခဲ့သည်။
နယ်စပ်နှင့်ဝေးသည့် ရုရှားနယ်မြေကိုတိုက်ခိုက်ရန် အနောက်အုပ်စု၏လက်နက်များကို အသုံးပြုခြင်းသည် ယူကရိန်းစစ်ပွဲတွင် ကြီးကြီးမားမားပဋိပက္ခအရှိန်မြင့်တက်မှု ဖြစ်လာလိမ့်မည်ဟု ရုရှားက ပြောကြားထားသည်။ ရုရှားကျူးကျော်မှုကို အထောက်အကူပေးရန် အသုံးပြုသော နောက်တန်းက ရုရှားအခြေစိုက်စခန်းများကို တိုက်ခိုက်ခြင်းအားဖြင့် မိမိကိုယ်ကိုယ်ကာကွယ်ခွင့် စွမ်းရည်လိုအပ်နေသည်ဟု ယူကရိန်းက ပြောကြားထား သည်။ ယူကရိန်းကို ရုရှားကျူးကျော်မှုသည် ယခုသီတင်းပတ်ထဲတွင် ရက် ၁,၀၀၀ ပြည့်ပြီ ဖြစ်သည်။
ယူကရိန်း အရှေ့မြောက်ပိုင်းနှင့်နယ်နိမိတ်ထိနေသော ကာ့ရှ်ဒေသကို ထိမှန်သည့် ဒုံးကျည်များ၏အသံများပါဝင်သော ဗီဒီယိုကို ရုရှားစစ်သတင်းထောက်များ၏တယ်လီဂရန် အကောင့်များတွင် တင်ထားသည်။
အနည်းဆုံး ပေါက်ကွဲသံကြီး ၁၄ ကြိမ်ကို ကြားရသည်ဟု ဆိုသည်။ ယင်းပေါက်ကွဲသံကြီးများထွက်မလာမီ ဒုံးကျည်ဝင်လာသည်ဆိုသည့် ရွှီဟူသော အသံကရှေ့ကလာသည်ဟု ဆိုသည်။ လူနေရပ်ကွက်မှ ရိုက် ထားသောဗီဒီယိုတွင် အဝေး၌ မီးခိုးများထွက်လာပုံကိုလည်း မြင်ရသည်။
ယူကရိန်းသည် ကာ့ရှ်ဒေသကို Strom Shadow ခရုစ်ဒုံးကျည် ၁၂ စင်းအထိ ပစ်လွှတ်ခဲ့သည်ဟု ရုရှားလိုလာသောတယ်လီဂရမ် လိုင်းကြီးနှစ်ခုက ဖော်ပြခဲ့ပြီး Strom Shadow စာသားကို ထင်ထင်ရှားရှားမြင်ရ သည့် ဒုံးကျည်အစိတ်အပိုင်းများ၏ပုံများကိုလည်း ဖော်ပြထားသည်။
ယူကေဝန်ကြီးချုပ် ကီယာစတာမားအတွက် ပြောရေးဆိုခွင့်ရှိသူက ဖြေကြားပေးရန် ငြင်းဆန်ခဲ့သည်။
ဗြိတိန်သည် ယူကရိန်းနယ်မြေအတွင်း အကွာအဝေး ကီလိုမီတာ ၂၅၀ ကျော်ကို ရောက်ရှိသော Strom Shadow ဒုံးကျည်များအား ယူကရိန်းကို ယခင်က အသုံးပြုခွင့်ပေးခဲ့သည်။
ယူကရိန်းသည် တာဝေးပစ် ဒုံးကျည်များဖြင့် ရုရှားနယ်မြေထဲကို တိုက်ခိုက်ခွင့်ပေးရန် အနောက် မိတ်ဘက်နိုင်ငံများကို ဖိအားပေးနေခဲ့သည်။ ATACMS ဒုံးကျည်များကို ယင်းသို့အသုံးပြုရန် ယခုသီတင်းပတ်ထဲတွင် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ခွင့်ပြုပေးခဲ့သည်။ ဘိုင်ဒင်သည် သမ္မတရာထူးမှ မထွက်ခွာမီ နှစ်လအလိုတွင် အမေရိကန်ပံ့ပိုးပေးထားသော တာဝေးပစ်ဒုံးကျည် ATACMS များကို ယူကရိန်းအားအသုံးပြုခွင့်ပေးခဲ့ခြင်း ဖြစ်သည်။
Ref: Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
