မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင်က စားပွဲထိုးဝန်ထမ်း အမျိုးသားကို အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုသည့်အမှုမှ စားသောက်ဆိုင်ပိုင်ရှင်ဖြစ်သူအား ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၇၇ ဖြင့် မတ် ၁၄ ရက်က တောင်ဥက္ကလာပမြို့နယ်တရားရုံးက စွဲချက် အမိန်ချမှတ်ခဲ့ကြောင်း သိရသည်။
စားပွဲထိုးဝန်ထမ်းအမျိုးသားကို အဓမ္မပြုကျင့်ခဲ့သည့် ပိုင်ရှင်အား မတ် ၁၄ ရက်က တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် ဆက်လက်ရုံးထုတ်ခဲ့ပြီး အဆိုပါရုံးချိန်တွင် စားသောက်ဆိုင် ပိုင်ရှင်ဖြစ်သူအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၇ ဖြင့် စွဲချက်တင်သင့် မတင့်သင့် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
“ဒီနေ့ ရုံးချိန်းက ပုဒ်မ ၃၇၇ ဖြင့် စွဲချက် တင်လိုက်တယ်ပေါ့။ စွပ်စွဲခံရသူကို စွဲချက်တင်တဲ့ အမိန့်ချမှတ်လိုက်တယ်။ စွဲချက်တင် အမိန့်ချမှတ်ပြီးတော့ စွပ်စွဲခံရသူ အခွင့်အရေးပေါ့နော် စစ်ပြီးသားတွေထဲက တရားလိုတွေ လိုပြသက်သေတွေကို ပြန်ခေါ်စစ်မေးပိုင်ခွင့် ရှိပါတယ်။ စွပ်စွဲခံရသူဘက်က ပြန်ခေါ်သက်သေ ခုနစ်ဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးပေးဖို့ လျှောက်ထားပါတယ်” ဟု တရားလို စားပွဲထိုးဝန်ထမ်းဖြစ်သူဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးနိုင်လင်းမြင့်က ဆိုသည်။
စားသောက်ဆိုင် ပိုင်ရှင်ဖြစ်သူအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ ဖြင့် စွဲချက် အမိန့်ချမှု အပေါ် အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုသည့် စားပွဲထိုးဝန်ထမ်းက “ဒါကတော့ တရားသူကြီးက ဆုံးဖြတ်တာပေါ့လေ။ ကျေနပ်ပါတယ်” ဟု ပြောကြားသည်။
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ (ဓမ္မတာ နှင့် ဆန်ကျင်သောပြစ်မှု) သည် ယောက်ျား နှင့် ဖြစ်စေ၊ မိန်းမနှင့် ဖြစ်စေ တိရစ္ဆာန်နှင့် ဖြစ်စေ မည်သူမဆို မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန်ကျင်သော ကာမစပ်ယှက်မှုကို ပြုလျှင်၊ ထိုသူကို တစ်သက်တစ်ကျွန်းဖြစ်စေ ၁၀ နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ရာဇသတ်ကြီး ဥပဒေတွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ် တရားရုံးတွင် စွပ်စွဲခံရသူ မယ်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားဘက်မှ အာမခံပေးရန် သုံးကြိမ်တိုင် လျှောက်ထားခဲ့သော်လည်း ပယ်ချခဲ့သည့်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးသို့ ဆက်လက် လျှောက်ထားခဲ့ရာ ဇန်နဝါရီ ၂ ရက်က အာမခံပေးသင့် မပေးသင့် နှစ်ဖက်လျှောက်လဲချက် ကြားနာခဲ့ပြီး ဇန်နဝါရီ ၆ ရက်တွင် အရှေပိုင်းခရိုင်တရားရုံးက အာမခံလျှောက်ထားမှုအား ပယ်ချခဲ့ကြောင်း အဆိုပါအမှုအတွက် တရားလိုပြသက်သေ ၁၁ ဦး တင်သွင်းထားမှုအနက် ၁၀ ဦးကို စစ်ဆေးပြီး တစ်ဦးကို ပယ်ဖျက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ မယ်လိမ့်လုံ ရှမ်းရိုးရာ စားသောက်ဆိုင်ပိုင်ရှင် အမျိုးသားသည် ဆိုင်တွင် စားပွဲထိုးဝန်ထမ်းအဖြစ် လုပ်ကိုင်နေသည့် အမျိုးသားကို ဓမ္မတာနှင့်ဆန့်ကျင့်သည့် ကာမဆက်ဆံမှုများ ပြုလုပ်ကာ ဖုန်းဘေဖြည့်ပေးခြင်း၊ မုန့်ဖိုးများပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး အဓမ္မပြုကျင့်ခံရသည့် စားပွဲထိုးဝန်ထမ်းအမျိုးသားက အရေးယူပေးရန် မတ် ၉ ရက်တွင် တောင်ဥက္ကလာပမြို့မရဲစခန်းမှာ လာရောက်တိုင်တန်းခဲ့ရာ တောင်ဥက္ကလာပမြို့မရဲစခန်းက (ပ) ၃၃၃/၂၀၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး တရားစွဲဆိုခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
