ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အတက်အဆင်း ပြုလုပ်နေသော နိုင်ငံတကာလေကြောင်းလိုင်းများတွင် Boeing 737 MAX လေယာဉ်အမျိုးအစားများဖြင့် ပျံသန်းခွင့်မပြုသည့် တားမြစ်ချက်ထုတ်ပြန်ရန် စီစဉ်နေပြီး မြန်မာနိုင်ငံ လေပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းခြင်းကိုမူ လတ်တလော ကန့်သတ်ရန် မရှိသေးကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
“အခုက အိမ်နီးချင်းနိုင်ငံတွေမှာလည်း Boeing 737 MAX 8 လေယာဉ်အမျိုးအစားနဲ့ ခရီးစဉ်ပျံသန်းခွင့်ကို ပိတ်ပင်တဲ့နည်းတူပဲ မြန်မာနိုင်ငံကိုလည်း ဒီလေယာဉ်အမျိုးအစားနဲ့ ပျံသန်းခွင့်ကို တားမြစ်ဖို့ ဝန်ကြီးရုံးကို စာတင်ထားပါတယ်။ မကြာခင် ကြေညာချက် ထုတ်ပြန်သွားမှာပါ။ လေပိုင်နက်အတွင်း ဖြတ်ကျော်ပျံသန်းခွင့်ကိုတော့ လတ်တလော တားမြစ်ကန့်သတ်ဖို့ မရှိသေးပါဘူး” ဟု လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။
လက်ရှိတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆင်းသက်နေသည့် နိုင်ငံတကာလေကြောင်းလိုင်းများအနက် လေကြောင်းလိုင်း ၁၆ ခုသည် Air Bus လေယာဉ် အမျိုးအစားများဖြင့် ပျံသန်းနေပြီး လေကြောင်းလိုင်း ၁၃ ခုသည် Boeing လေယာဉ် အမျိုးအစားများဖြင့် ပျံသန်းနေခြင်း ဖြစ်သည်။
ယင်းသို့ ဘိုးရင်းလေယာဉ်များဖြင့် ပျံသန်းနေသော နိုင်ငံတကာ လေကြောင်းလိုင်းများတွင်လည်း Boeing 737 MAX 8 လေယာဉ်အမျိုးအစားများ ပါဝင်ခြင်းမရှိကြောင်း သိရသည်။
မြန်မာနိုင်ငံရှိ ပြည်တွင်း လေကြောင်းလိုင်းအများစုမှာ ATR လေယာဉ်အမျိုးအစားများကိုသာ အသုံးပြုပျံသန်းနေခြင်းဖြစ်ပြီး နိုင်ငံပိုင်လေကြောင်းလိုင်းဖြစ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်းတွင် လက်ရှိ ခရီးစဉ်ပျံသန်းနေသည့် အမေရိကန်နိုင်ငံထုတ် Boeing လေယာဉ်မှာ လက်ရှိ ကမ္ဘာ့နိုင်ငံအသီးသီးက ကန့်သတ်နေသည့် Boeing 737 MAX 8 လေယာဉ်အမျိုးအစား မဟုတ်ဘဲ Boeing 737 - 800 NG (Next Generation) ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ငါးလတာအတွင်း နှစ်ကြိမ်ဆက်တိုက် ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၄၆ ဦး သေဆုံးခဲ့သည့် ဘိုးရင်း Boeing 737 MAX 8 လေယာဉ် အမျိုးအစားသာမက (MAX 7 , MAX 8 , MAX 9) လေယာဉ်များကို နိုင်ငံအချို့က ၎င်းတို့၏ လေပိုင်နက်အတွင်း ဝင်ရောက်ခွင့် ပိတ်ပင်မှု၊ အချို့နိုင်ငံများက အဆိုပါလေယာဉ်များဖြင့် ခရီးစဉ်ပျံသန်းမှု ရပ်ဆိုင်းခြင်းများ ပြုလုပ်နေကြပြီ ဖြစ်သည်။
အမေရိကန်၊ တရုတ်၊ အင်ဒိုနီးရှား၊ အာဂျင်တီးနား၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဘရာဇီး၊ ဂျာမနီ၊ အိုက်စလန်၊ ဟောင်ကောင်၊ ချီလီနှင့် ရုရှားနိုင်ငံများက Boeing 737 MAX 8 လေယာဉ်အမျိုးအစားများကို ပျံသန်းခွင့် မပြုတော့ကြောင်း သိရသည်။
ယင်းသို့ ပျံသန်းခွင့်မပြုသည့် ၎င်းတို့နိုင်ငံ လေပိုင်နက်အတွင်း ယင်းလေယာဉ်များဖြင့် ဝင်ရောက်ပျံသန်းမှုကို ကန့်သတ်သည့် နိုင်ငံများမှာ ဗြိတိန်၊ စင်ကာပူ၊ သြစတြေးလျ၊ မလေးရှား၊ အိုမန်၊ စင်ကာပူ၊ တရုတ် စသည့် နိုင်ငံများအပြင် ဥရောပနိုင်ငံများ ပါဝင်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာပေါ်တွင် Boeing 737 MAX 8 လေယာဉ် အမျိုးအစားများကို တတိယ အများဆုံး အသုံးပြုသည့် ကနေဒါနိုင်ငံကလည်း ပျံသန်းမှုရပ်ဆိုင်းသည့်အပြင် လေပိုင်နက်သို့ ဝင်ရောက်ခြင်းကိုပါ ပိတ်ပင်လိုက်ပြီး အမေရိကန်နိုင်ငံမှလည်း Boeing 737 MAX 8 လေယာဉ် အမျိုးအစားသာမက MAX 9 ခရီးသည်တင် လေယာဉ်များအားလုံး ပျံသန်းမှု ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
