ယခုသီတင်းပတ်အတွင်း ကမ္ဘာတစ်ဝန်းတွင် နေ့အလိုက် ပျမ်းမျှ ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူဦးရေသည် စံချိန်တင် သုံးသန်းအထိ ရှိလာခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာလည်း ဒုတိယသီတင်းပတ်တစ်ဆက် တည်း မြင့်တက်လာခဲ့သည်။
ဇန်နဝါရီ ၂၀ ရက်နေ့အထိ ယခုသီတင်းပတ်အတွင်း ကမ္ဘာတစ်ဝန်းတွင် နေ့အလိုက် ပျမ်းမျှ ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံရသူ ဦးရေသည် စံချိန်တင် ၃.၁ သန်း အထိရှိလာခဲ့ပြီး ယခင်သီတင်းပတ်နှင့် နှိုင်းယှဉ်လျှင် ၁၁ ရာ ခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု အေအက်ဖ် ပီသတင်းဌာန၏စစ်တမ်းတွင် ဖော်ပြထားသည်။
ကူးစက်မှုနှုန်းအရ အလွန်ကူးစက်မြန် အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် စတင်လွှမ်းမိုးခဲ့သည့် ပြီးခဲ့သည့်သီတင်းပတ်များထက် လျော့ကျသွားခဲ့သည်။
မတူညီသည့်နိုင်ငံများတွင် ဗိုင်းရပ်စ်ကူး စက်ခံရသူဦးရေ မတူညီသည့် ရေတွက်မှုများ နှင့် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ၊မရှိ စစ်ဆေးမှု အဆင့် ကွဲပြားမှုများနှင့်အတူ အတည်ပြုထုတ် ပြန်ထားသည့်လူနာအရေအတွက်သည် အမှန်တကယ်ကူးစက်ခံရသည့် လူနာဦးရေ၏ တစ်စိတ်တစ်ပိုင်းမျှသာ ထင်ဟပ်လျက်ရှိသည်။
ယခုသီတင်းပတ်အတွင်း အာရှသည် အဓိကဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လာခဲ့ပြီး အထူးသဖြင့် အိန္ဒိယနိုင်ငံတွင် ကူးစက်မှုမြင့်တက်လာခဲ့ကာ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက် ခံရသူဦးရေသည် ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ သည်။ လက်တင်အမေရိကတွင် ဗိုင်းရပ်စ်ကူး စက်မှုနှုန်း ၃၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးကာရေ ဘီယံဇုန်နှင့် အရှေ့အလယ်ပိုင်းတွင် ၃၂ ရာ ခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
သို့သော် အာဖရိကတွင် ကူးစက်မှုနှုန်း ၁၀ ရာခိုင်နှုန်းနှင့် အမေရိကန်နှင့်ကနေဒါတို့ တွင် ခြောက်ရာခိုင်နှုန်း လျော့ကျမှုနှင့်အတူ အိုမီခရွန်ပထမဆုံး ကူးစက်ပျံ့နှံ့သည့်ဒေသများတွင် ကူးစက်မှုနှုန်း ကျဆင်းခဲ့သည်။
ဥရောပတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကိုး ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ယခင်သီ တင်းပတ်များထက်ကူးစက်မှုနှုန်း ပိုမိုနှေးကွေးသွားခဲ့သည်။
သမုဒ္ဒရာပိုင်းနိုင်ငံများတွင်လည်းကူး စက်မှုနှုန်း သုံးပုံတစ်ပုံနီးပါးလျော့ကျပြီးတိုးတက်မှုကို မြင်တွေ့ခဲ့သည်။
နီပေါနိုင်ငံတွင်မူ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၃၃၀ ရာခိုင်နှုန်းအထိ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။
ကိုဆိုဗိုနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ၂၈၁ ရာခိုင်နှုန်း၊ ကာဇက်စတန်တွင် ၂၇၁ရာ ခိုင်နှုန်း၊ အီရတ်တွင် ၂၅၆ ရာခိုင်နှုန်းနှင့်ဂျပန် တွင် ၂၅၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
အိုင်ယာလန်နိုင်ငံတွင်မူ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်မှုနှုန်း ၅၆ ရာခိုင်နှုန်းအထိ များစွာလျော့ကျခဲ့ပြီး နမ်မီဘီယာတွင် ၅၁ ရာခိုင် နှုန်း၊ ဆိုက်ပရက်စ်တွင် ၃၅ ရာခိုင်နှုန်းလျော့ကျခဲ့ကာ ဗြိတိန်နှင့် ဂရိတို့တွင် ၃၂ ရာခိုင်နှုန်း စီလျော့ကျသွားခဲ့သည်။
အမေရိကန်နိုင်ငံသည် ဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်မြင့်တက်နေသည့်အနေအထားတွင် ရှိနေဆဲဖြစ်ပြီး နေ့အလိုက်ပျမ်းမျှကူးစက်ခံရသူဦးရေမှာ ၇၅၁,၉၀၀ ဦးရှိခဲ့သော်လည်း ယခင်သီတင်းပတ်နှင့်နှိုင်းယှဉ်လျှင် ကူးစက်မှုနှုန်း ခြောက်ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ပြင်သစ်နိုင်ငံတွင် နေ့အလိုက် ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃၃၇,၂၀၀ ဦးနှင့်အတူ ကူးစက်မှုနှုန်း ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အိန္ဒိယတွင်နေ့အလိုက်ကူးစက်ခံရသူ ၂၇၁,၅ဝဝရှိ ကာ ကူးစက်မှုနှုန်း ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ သည်။
လူဦးရေအပေါ်အခြေခံလျှင် ယခုသီ တင်းပတ်အတွင်း ဗိုင်းရပ်စ်ကူးစက်မှုနှုန်း အများ ဆုံးနိုင်ငံမှာ ဒိန်းမတ်ဖြစ်ပြီး လူဦးရေတစ်သိန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၃,၈၂၆ ဦးရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
