အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ကူးစက်မှုလှိုင်း အတွင်း COVID-19 ကာကွယ်ဆေးများနှင့် ထပ်တိုးကာကွယ်ဆေးများသည် ပြင်းထန်ရောဂါ ကူးစက်မှုအခြေအနေမှ ထိရောက်မှု မြင့်မားစွာ ဆက်လက်ကာကွယ်နိုင်စွမ်းရှိကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှ သုတေသန ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှုမှ တွေ့ရှိချက်ကို ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ယင်းစစ်တမ်းကို ၂၀၂၁ ခုနှစ်သြဂုတ် ၂၆ ရက်မှ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၅ ရက်အတွင်း အမေရိကန်တစ်ဝန်းရှိ ပြည်နယ် ၁ဝခု မှ အရေးပေါ်ဌာနများ၊ အရေးပေါ်ပြုစုစောင့်ရှောက်ရေး ဆေးခန်းများနှင့် ဆေးရုံတက် ရောက်ကုသမှုခံယူသူ အယောက် ၃၀၀,၀၀၀ ကျော်မှ ရရှိသည့်အချက်အလက်ကို ချင့်တွက်၍ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ဒယ်တာမျိုးကွဲဗိုင်းရပ်စ် လွှမ်းမိုးနေချိန် ကာလအတွင်း COVID-19 ကာကွယ်ဆေး၏ ဆေးရုံတက်ရောက်မှု အခြေအနေအပေါ် ထိရောက်မှုသည် ကာကွယ်ဆေးဒုတိယတစ်လုံး ထိုးနှံပြီးနောက် ၁၄ ရက်မှ ၁၇၉ ရက်အ တွင်း ထိရောက်မှုနှုန်း ၉၀ ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေးဒုတိယတစ်လုံးထိုးနှံပြီးနောက် ရက်ပေါင်း ၁၈၀ ကျော်လျှင် ထိရောက်မှုနှုန်း မှ ၈၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည့်အပြင် ထပ်တိုး ကာကွယ်ဆေး တတိယတစ်လုံးထိုးနှံပြီးနောက် ၁၄ ရက်နှင့်အထက်အတွင်း ၉၄ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိကြောင်းတွေ့ ရှိခဲ့သည်။
အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် လွှမ်းမိုးပျံ့နှံ့ခဲ့ပြီးနောက် COVID-19 ကာကွယ်ဆေး၏ ဆေးရုံတက်ရောက်မှု အခြေအနေအပေါ် ထိရောက်မှုသည် ကာကွယ်ဆေးဒုတိယတစ်လုံး ထိုးနှံပြီးနောက် ၁၄ ရက်မှ ၁၇၉ ရက်အ တွင်း ထိရောက်မှုနှုန်း ၈၁ ရာခိုင်နှုန်းရှိပြီး ရက်ပေါင်း ၁၈၀ ကျော်လျှင် ထိရောက်မှုနှုန်း ၅၇ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကာ ထပ်တိုးကာကွယ်ဆေး တတိယတစ်လုံးထိုးနှံပြီးနောက် ၁၄ ရက်နှင့်အထက်အတွင်း၉၀ ရာ ခိုင်နှုန်းထိရောက်မှုရှိကြောင်းတွေ့ရှိခဲ့သည်။
အမေရိကန်ပြည်နယ် ၂၅ ခုနှင့် ဒေသတွင်း ကောင်တီများမှ ရရှိသည့်အချက်အလက်များအပေါ် အခြေခံထားသည့် ဒုတိယမြောက် CDC စစ်တမ်း၌ ဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ကာကွယ်ဆေး၏ထိရောက်မှုသည် ဒယ်တာမျိုးကွဲမကူးစက်ချိန်က ၉၃ ရာခိုင်နှုန်းရှိခဲ့ ရာမှ ဒယ်တာမျိုးကွဲ ကူးစက်ပျံ့နှံ့ချိန်အတွင်း ၈၀ ရာခိုင်နှုန်းဝန်းကျင်အထိ လျော့ကျသွားခဲ့သော်လည်း သေဆုံးနိုင်သည့်အခြေအနေမှ ကာကွယ်နိုင်စွမ်းမှာ ဆက်လက်တည်ငြိမ်နေဆဲဖြစ်ပြီး ၉၄ ရာခိုင်နှုန်းအထိ ထိရောက်မှု မြင့်မားသည်ဟု ဆိုသည်။
အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် ပေါ်ပေါက်လာချိန်၌မူ ဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ကာကွယ်ဆေး၏ထိရောက်မှုသည် ၆၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
သုတေသီများက အိုမီခရွန်ကူးစက်ပျံ့နှံ့ချိန် အတွင်း သေဆုံးနိုင်သည့် အခြေအနေမှ ကာကွယ်ဆေး၏ထိရောက်မှုနှုန်းမှာ အစီရင် ခံတင်ပြမှုမရှိခြင်းကြောင့် ခန့်မှန်းချက်ကို ထုတ်ပြန်နိုင်ခြင်းမရှိသော်လည်း ကျယ်ပြန့်သည့်သိပ္ပံနည်းကျမျှော်မှန်းချက်များအရ အို မီခရွန်မျိုးကွဲကူးစက်နေချိန်တွင် သေဆုံးနိုင်ခြေမှ ကာကွယ်ဆေး၏ ထိရောက်စွာကာကွယ်နိုင်မှုနှုန်းမှာ ဆက်လက်မြင့်တက်နေလိမ့်မည်ဟု ထုတ်ပြန်ထားကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
