ပင်လယ်ဓားပြတိုက်ဖျက်ရေးအတွက် အီရန်၊ ရုရှားနှင့် တရုတ်တို့သည် ဇန်နဝါရီ ၂၁ ရက်မှစပြီး အိန္ဒိယ သမုဒ္ဒရာ အတွင်းတွင် ရေပြင်နှင့် ဝေဟင်စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်ခဲ့သည်ဟု အီရန်နိုင်ငံပိုင် IRNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ယင်းစစ်ရေးလေ့ကျင့်မှုများ၌ သင်္ဘော နှစ်စီးကို ပင်လယ်ဓားပြများက စီးနင်းတိုက်ခိုက်နေသည့် ပုံစံမျိုး လေ့ကျင့်ခဲ့ကြခြင်းဖြစ်သည်ဟု စစ်ရေးလေ့ကျင့်မှုနှင့်ပတ်သက်ပြီး အီရန်၏ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ် ချုပ်ကြီး မူစတာဖာ တာဂျက်ဒီနီက ပြောကြားခဲ့သည်။
“သုံးနိုင်ငံက ရေတပ်နဲ့ လေတပ်က တပ်ဖွဲ့ဝင်တွေဟာ နိုင်ငံတကာရေပြင်နယ်နိမိတ်မှာ ပင်လယ်ဓားပြတွေရဲ့ ပြန်ပေးဆွဲခံခဲ့ရတဲ့ ကုန်တင်သင်္ဘောနှစ်စီးကို လွတ်မြောက်အောင် စစ်ရေးလေ့ကျင့်နိုင်ခဲ့ပါတယ်”ဟု တာဂျက်ဒီနီက ပြောကြားခဲ့သည်။
ယင်းကဲ့သို့ တိုက်ခိုက်မှုသည် ပြီးခဲ့သည့် နှစ် နိုဝင်ဘာလ အစောပိုင်းက အေဒင်ပင် လယ်ကွေ့တွင် သီတင်းနှစ်ပတ်အတွင်း အီရန်ရေနံတင်သင်္ဘောနှစ်စီးကို စီးနင်းရန်ကြိုး ပမ်းခဲ့သည့် ဆိုမာလီပင်လယ်ဓားပြများ စီးနင်းတိုက်ခိုက်လေ့ရှိသည့် ပုံစံမျိုးဖြစ်သည်ဟု ၎င်းက ဆိုသည်။
နိုဝင်ဘာ ၁ ရက်က အီရန်ရေနံတင် သင်္ဘောတစ်စီးသည် ပင်လယ်နီ ဝင်ပေါက်ဖြစ်သည့် ဘက်အယ်မန်ဒက် ရေလက်ကြားသို့ ဦးတည်ခဲ့ချိန်တွင် ရေယာဉ်အချို့ကို စီးလာသည့် ပင်လယ်ဓားပြခြောက်ဦးသည် ရေ နံတင်သင်္ဘောကို စီးနင်းတိုက်ခိုက်ရန်ကြိုးပမ်းခဲ့ချိန်တွင် အီရန်ရေတပ်က သတိပေးပစ်ခတ်ပြီး ခြောက်လှန့်မောင်းထုတ်ခဲ့ရသည် ဟု ISNA သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
ယင်းဖြစ်စဉ်မဖြစ်ပွားမီ အောက်တိုဘာလ ၁၆ ရက်ကလည်း အီရန် ရေနံတင်သင်္ဘော တစ်စီးကို ပင်လယ်ဓားပြများက စီးနင်းရန် ကြိုးပမ်းခဲ့သော်လည်း အီရန် စစ်သင်္ဘောတစ်စီးက ပင်လယ်ဓားပြများကို မောင်းထုတ်ပြီး အေဒင်ပင်လယ်ကွေ့အထိ လိုက်ပါစောင့်ကြပ်ပေးခဲ့သည်ဟု အီရန်ရေတပ်အကြီးအကဲ က ပြောကြားခဲ့သည်။
ဘက် အယ်မန်ဒက်ရေလက်ကြားသည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ကို ဆက်သွယ်ထားသည့် မဟာဗျူဟာမြောက်ရေလမ်းကြောင်းဖြစ်ပြီး စူးအက်တူးမြောင်းမှတစ်ဆင့် ဥရောပသို့ ဦးတည်သွားရောက်သည့်သင်္ဘောများ အသုံးပြုသည့် ပုံမှန်ရေလမ်းကြောင်းပေါ်တွင် တည်ရှိသည်။
ယခုပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများတွင် အီရန်ရေတပ်၏ ဝေဟင်နှင့် မြေပြင် တပ်ဖွဲ့များ၊ တော်လှန်ရေး အစောင့်တပ်ဖွဲ့၊ တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ပင်လယ်ရေကြောင်း တပ်ဖွဲ့များ ပါဝင်ကြောင်း IRNA ကဖော်ပြခဲ့သည်။
စစ်ရေးလေ့ကျင့်မှုများကို သုံးနိုင်ငံအကြားရှိရင်းစွဲခြိမ်းခြောက်မှုများကို တန်ပြန်ရန် လုံခြုံရေးနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှု၏ မူဘောင်အတွင်း ပြုလုပ်နေခြင်းဖြစ်သည်ဟု တာဂျက်ဒီနီက ပြောကြားခဲ့သည်။
အီရန်သမ္မတ အီဘရာဟင်ရာအီစီသည် ဇန်နဝါရီ ၁၉ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့တော်သို့ တရားဝင်ခရီးစဉ်သွားရောက်ခဲ့ပြီး အီရန်နှင့် ရုရှားအကြား ဆက်ဆံရေးကို အကန့်အသတ်မရှိ တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ယင်းစစ်ရေးလေ့ကျင့်မှုများသည် ရုရှားနှင့် တရုတ်အပါအဝင် အီရန်နှင့် ကမ္ဘာ့ အင်အားကြီးနိုင်ငံများအကြား ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကို ပြန်လည်အသက်သွင်းရန် ဗီယင်နာတွင်ဆွေးနွေးပွဲများ ပြုလုပ်နေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
