တရုတ်ကို တန်ပြန်ရန်နှင့် မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများကို ဝေဖန်ရှုတ်ချရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါတို့က ဇန်နဝါရီ ၂၁ ရက်က အွန်လိုင်းမှတစ်ဆင့်ပြုလုပ်ခဲ့ သည့် အစည်းအဝေးတွင်သဘောတူညီခဲ့ကြပြီး ဂျပန်နိုင်ငံကို ကာကွယ်ပေးရန် အမေရိကန်၏ ကတိကဝတ်များကို ဘိုင်ဒင်က ထပ်လောင်း ပြောကြားခဲ့သည်။
တစ်နာရီနှင့် မိနစ် ၂၀ ကြာမြင့်ခဲ့သည့် ယင်းဆွေးနွေးပွဲတွင် ဘိုင်ဒင်က ယခုနှစ်နွေ ဦးရာသီကုန်တွင် ဂျပန်သို့ တရားဝင်ခရီးစဉ်အဖြစ် လာရောက်ရန်နှင့် သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန်နှင့် အမေရိကန်တို့ပါဝင်သည့် Quad အစည်းအဝေးကို တက်ရောက်ရန်သဘောတူခဲ့သည်ဟု အမေရိကန်ထိပ်သီးအရာရှိတစ်ဦး က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ် ထရန့်လက်ထက်က အာရှနှင့် ဥရောပရှိ မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးယိုယွင်းခဲ့ပြီးနောက် ဘိုင်ဒင်သည် သမ္မတအဖြစ်စတင် ရုံးထိုင်ခဲ့ချိန်ကတည်းက အမေရိကန်-ဂျပန် ဆက်ဆံရေး၏ အရေးကြီးမှုကို ဦးစားပေးအဖြစ် ပြန်လည်ထိန်းသိမ်းခဲ့သည်။
ဗီဒီယိုဆက်သွယ်မှုဖြင့် တံခါးပိတ်ပြုလုပ်ခဲ့သည့် ယင်းအစည်းအဝေးအပြီးတွင် ဘိုင်ဒင်က အင်ဒို-ပစိဖိတ်ဒေသနှင့် ကမ္ဘာတစ်ဝန်း၏ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး၏ အုတ်မြစ်ဖြစ်သည့် အမေရိကန်-ဂျပန် မဟာမိတ်ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန် ဂျပန်ဝန်ကြီးချုပ် ကီရှီဒါနှင့် တွေ့ဆုံဆွေးနွေးခဲ့မှုကို ဂုဏ်ယူကြောင်း Twitter တွင် ရေးသားဖော်ပြခဲ့သည်။
၎င်းတို့နှစ်ဦး ဆွေးနွေးခဲ့သည့် အကြောင်းအရာအများစုမှာ ထိုင်ဝမ်ကို စစ်ရေး အရဖိအားပေးနေသည့် တရုတ်၏ မြင့်တက်လာသည့် မဟာဗျူဟာမြောက်စိန်ခေါ်မှုများကို အဓိကထား ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
တရုတ်အစိုးရသည် ၎င်း၏လက်အောက်မှ လွတ်လပ်မှုရှိကြောင်း ကြေညာထားသည့် ထိုင်ဝမ်ကို တရုတ်၏ နယ်နိမိတ် တစ်ခုအဖြစ်သာ ကြေညာခဲ့ပြီး လိုအပ်လာပါက တစ်နေ့နေ့တွင် အင်အားသုံးပြီး ပြန် လည်သိမ်းယူမည်ဟု ကြုံးဝါးခဲ့သည်။
ထို့ပြင် တရုတ်သည် ၎င်း၏ အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်နေမှုကိုလည်း ဘိုင်ဒင်နှင့် ကီရှီဒါတို့က စိုးရိမ်ကြောင်းဖော်ပြခဲ့သည်ဟု အမေရိကန် အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
“ခေါင်းဆောင်နှစ်ဦးဟာ အရှေ့တရုတ် ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်က ရှိရင်းစွဲအခြေအနေကို ပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြိုးပမ်းချက်တွေကို ဆန့်ကျင်ပြီး တန်ပြန်ဖို့နဲ့ ထိုင်ဝမ်ရေ လက်ကြားမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရဲ့ အရေးကြီးပုံကို အလေးထား ဆွေးနွေးခဲ့ပါတယ်”ဟု အစည်းအဝေးအပြီး အိမ်ဖြူတော်က တရားဝင်ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
ထို့ပြင် တရုတ်သည် ဝီဂါလူနည်းစုများကို လူမျိုးတုံးသတ်ဖြတ်နေသည်ဟု အမေရိကန်က စွပ်စွဲထားသည့် ရှင်ကျန်းဒေသနှင့် ဟောင်ကောင်ဒေသတွင် တရုတ်၏ လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီး ဘိုင်ဒင်နှင့် ကီရှီဒါတို့က စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်။
တရုတ်အရေးအပြင် မကြာသေးမီက မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများ၊ ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ရုရှားနှင့် အနောက်နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်နေသည့် အရေးကိစ္စများကိုလည်း ဘိုင်ဒင်နှင့် ကီရှီဒါတို့က ဆွေးနွေးခဲ့ကြသည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
