သစ်တောများကို ကာကွယ်ရန်အတွက် သီရိလင်္ကာသည် လွှစက်များ တင်သွင်းမှုကို ပိတ်ပင်မည် ဖြစ်ပြီး သစ်စက်များကို ငါးနှစ်အတွင်း ပိတ်ပင်မည်ဖြစ်ကြောင်း သမ္မတ မေသရီပါလာသီရိသေနာ၏ ရုံးက ဇွန် ၇ ရက်၌ ပြောကြားခဲ့သည်။
တရားမဝင် သစ်ထုတ်လုပ်မှုကို နှိမ်နင်းပြီး သစ်တောဧရိယာကို တိုးတက်စေရန် သီရိသေနာက ဆုံး ဖြတ်ထားသည်။ လာမည့်တစ်ပတ်မှစ၍ လွှစက်များနှင့် လွှသွားများ တင်သွင်းမှုကို တားမြစ်ရန် ညွှန်ကြားထားကြောင်း သမ္မတက ဇွန် ၆ ရက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သီရိသေနာသည် လွန်ခဲ့သည့် လေးလကတည်းက လွှစက်အားလုံးကို ရဲထံတွင် မှတ်ပုံတင်ရန် ဆောင်ရွက်စေခဲ့သည်။ ထို့နောက် လွှစက် ၈၂၀၀၀ ခန့်ကို သုံးပတ်အတွင်း စာရင်းတင်နိုင်ခဲ့သည်။ သဘာဝပတ်ဝန်းကျင်ရေးရာ ဝန်ကြီးလည်းဖြစ်သော သမ္မတက လက်ရှိအသုံးပြုနေသည့် လွှစက်များကို အလုံးစုံပိတ်ပင်နိုင်ခြေရှိမရှိ အား မပြောကြားခဲ့ပေ။ သို့သော် လည်း လက်သမားများနှင့် သစ်ခုတ်သမားများသည် သစ်စက်များပိတ်ပြီး အခြားအလုပ် ပြောင်းရှာရန် အချိန်ငါးနှစ်ရမည် ဖြစ်သည်။ မကြာသေးခင်နှစ်များအတွင်း သစ်တောပြုန်းတီးမှု လျင်မြန်လာခဲ့သည်ဟု သမ္မတက ပြောကြားခဲ့သော်လည်း အသေးစိတ်ကို မပြောကြားခဲ့ပေ။ ဆယ်စုနှစ်တစ်ခုအတွင်း သီရိလင်္ကာကုန်းမြေ၏ ၃၂ ရာခိုင်နှုန်းကို သစ်တောများ ဖုံးလွှမ်းရန် ရည်ရွယ်ထားသည်ဟု သီရိသေနာက ပြောကြားခဲ့သည်။ လောလောဆယ်တွင် သီရိလင်္ကာ၏ သစ်တောဖုံးလွှမ်းမှုသည် ၂၈ ရာခိုင်နှုန်းရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
