နယူးယောက်၏နာမည်ကျော် အဓိကဆွဲဆောင်မှုနေရာ တိုင်း(မ်)ရင်ပြင်အား တိုက်ခိုက်ရန် စီစဉ်မှုအတွက် ဘင်္ဂလားဒေ့ရှ်မှ ရွှေ့ပြောင်းအခြေချတစ်ဦးကို ဇွန် ၇ ရက်တွင် တရားစွဲခဲ့သည်။ နယူးယောက်စီးတီးကောလိပ်မှ ကျောင်းသားဖြစ်သော အာရှီကူအာလန် (၂၂ နှစ်) သည် သေနတ်နှင့်ဗုံးများ စုဆောင်းနေခဲ့ပြီး တိုင်း(မ်)ရင်ပြင်ကို အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်နေသည်ဟု ဖက်ဒရယ်ရှေ့နေများက ပြောကြားခဲ့သည်။
အာလန်သည် ရုပ်ဖျက်ထားသော စုံစမ်း စစ်ဆေးသူများထံမှ လက်နက်နှင့်ခဲယမ်းများ ဝယ်ယူရန် ကြိုးပမ်းခဲ့ပြီးနောက် တိုက်ခိုက်ရန်အတွက် အကောင်းဆုံးနေရာအဖြစ် မန်ဟက်တန်ခရိုင်ကို စောင့်ကြည့်နေခဲ့ကြောင်း တရားစွဲဆိုမှုများက ဖော်ပြခဲ့သည်။
အမှတ်စဉ်နံပါတ်များ ဖျောက်ဖျက်ထားသော ဆီမီးအော်တိုပစ္စတိုတစ်စုံဝယ်ယူရန် စီစဉ်နေစဉ် ဇွန် ၆ ရက်တွင် အာလန်အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အာလန်သည် တိုက်ခိုက်မှုမဆောင်ရွက်မီ အမြင်ချို့ယွင်းမှုအတွက် မျက်စိခွဲစိတ်မှု ခံယူပြီး မျက်မှန်မတပ်ရရန် စီစဉ်ခဲ့ကြောင်းလည်း အစိုးရရှေ့နေများက ပြောကြားခဲ့သည်။ အမေရိကန်တွင် အမြဲတမ်းနေထိုင်ခွင့် ရရှိထားသော ဘင်္ဂလားဒေ့ရှ်ကျောင်းသားဖြစ်သူ အာလန် သည် ၂၀၁၈ သြဂုတ်လတွင် ရုပ်ဖျက်ထားသော အေးဂျင့်ကို ပထမဆုံး တွေ့ဆုံခဲ့ပြီးနောက် နယူးယောက်ကို ပစ်မှတ် ထားသည့် တိုက်ခိုက်မှုများအား စီစဉ်ခဲ့သည်ဟု စွဲချက်များက ဖော်ပြခဲ့သည်။
အာလန်သည် ၉/၁၁ တိုက်ခိုက်မှုကို သဘောတူကြောင်း လျှို့ဝှက်အေးဂျင့်ကို ပြောပြမိခဲ့ပြီး ယင်းတိုက်ခိုက်မှုသည် အလုံးစုံအောင်မြင်မှုဟု ပြောကြားခဲ့ကြောင်း စွဲချက်များက ဆိုသည်။
နယူးယောက် သို့မဟုတ် ၀ါရှင်တန်တွင် တိုက်ခိုက်မှုများဆောင်ရွက်ရန် အသေခံဗုံးခွဲ ဝတ်စုံအသုံးပြုရေးကိုလည်း အာလန်က အေးဂျင့်ကို ဆွေးနွေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ရိုင်ဖယ် သို့မဟုတ် ပစ္စတို သေနတ်နှင့် လက်ပစ်ဗုံးများရှာကြရန် အာလန်က ဆုံးဖြတ်ခဲ့သည်။ ထို့နောက် ဇန်နဝါရီလတွင် လျှို့ဝှက်အေးဂျင့်သည် အာလန် နှင့်အတူ တိုင်း(မ်)ရင်ပြင်သို့ နှစ်ကြိမ်သွားခဲ့ကြောင်း၊ ထိုနေရာတွင် အာလန်သည် တိုက်ခိုက်ရန်အတွက် ဖြစ်နိုင်ခြေရှိသောနေရာများကို ဖုန်းနှင့်မှတ်တမ်းတင်ခဲ့ကြောင်း သိရသည်။ အာလန်သည် နောက်ပိုင်းတွင် လျှို့ ဝှက်အေးဂျင့်အား ရိုင်ဖယ်နှင့် အခြားလက်နက်များ ဝယ်ယူရေးအတွက် အကူအညီတောင်းခဲ့ပြီး ဂေးအမျိုးသားများကို ပစ်သတ်လိုကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။
နယူးယောက်၏ ပြဇာတ်ရုံများရှိသည့် မန်ဟက်တန်ပလာဇာသည် ယခင်ကလည်း တိုက်ခိုက်မှုများအတွက် ပစ်မှတ်ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ရစ်ချက်ရိုဂျာဆိုသူအမျိုးသားသည် လူအုပ်ထဲကားနှင့်ဝင်တိုးခဲ့ပြီး အမျိုးသမီးတစ်ဦးကို သေဆုံးစေခဲ့သည်။ ရိုဂျာသည် အမေရိကန်စစ်ပြန်တစ်ဦးဖြစ်ပြီး ဂျီဟတ်လှုပ်ရှားမှုများနှင့် ဆက်နွှယ်မှု မရှိသူဟု ယူဆခံထားရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
