တစ်ကမ္ဘာလုံးပူနွေးလာမှု အန္တရာယ်နှင့် ပတ်သက်၍ကမ္ဘာ့ပြည်သူများ၏ အမြင် ကို ဆော်သြစည်းရုံးခဲ့သည့်အတွက် ဆွီဒင်၏ ဆယ်ကျော်သက် ရာသီဥတု တက်ကြွ လှုပ်ရှားသူ ဂရီတာသွန်းဘတ်သည် ဂုဏ်သိက္ခာရှိသော အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်ဆု ချီးမြှင့်ခံခဲ့ရသည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ ့၏ Ambassador of Conscience Award ချီးမြှင့်ခံရသည့်အတွက် အလွန်အမင်း ဂုဏ်ယူမိသည်ဟု အသက် ၁၆ နှစ် အရွယ်ရှိ ဂရီတာက ထုတ်ပြန်ခဲ့ပြီး ရာသီဥတု ဆန္ဒပြပွဲများတွင် စာသင်ကျောင်းမှ ကျောင်းသားများ၏ သပိတ်ကိုဖြစ်ပေါ်စေခဲ့သည့် ၎င်း၏ Fridays for Futures အစီအစဉ်က လှုံ့ဆော်ပေးခဲ့သော လူတိုင်းကို အသိအမှတ် ပြုခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
“ကိုယ့်အသိစိတ်နဲ ့ကိုယ်လုပ်ဆောင်တာဟာ ကိုယ်စဉ်းစားထားတဲ့အရာအတွက် ကိုယ်တိုင်တိုက်ပွဲဝင်တာ မှန်ကန်တယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ အခုလိုမျိုးအသိ အမှတ်ပြုခံရတာဟာ မယုံနိုင်စရာဖြစ်ရပါတယ်” ဟု ဂရီတာက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
လူအများကို ဟောပြောစည်းရုံးရာတွင် ပါရမီထူးသည့် ပြင်းထန်သော တက်ကြွ လှုပ်ရှားသူ ဂရီတာသွန်းဘတ်သည် နိုင်ငံတကာတွင် လူငယ်ရာသီဥတု တက်ကြွ လှုပ်ရှားသူများအတွက် ပြယုဂ်ဖြစ်လာခဲ့သည်။ ကာဗွန် ထုတ်လွှတ်မှုလျှော့ချရေးတိုက်ပွဲတွင် လူအများ စိတ်ဝင်စားရန် ပြုလုပ်သော ရာသီဥတုဆိုင်ရာ အခမ်းအနားများ၌ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ၎င်းကို မကြာခဏ ဖိတ်ကြားလေ့ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
