အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ဇူလိုင် ၂၉ မှ သြဂုတ် ၃ ရက်ထိ ကျင်းပမည့် အာဆီယံဝန်ကြီးအဆင့် ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ပြီး ထိုစည်းဝေးပွဲတွင် မဲခေါင်မြစ်အောက်ပိုင်း ပဏာမခြေလှမ်းနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း အမေရိကန်တာဝန်ရှိ သူမာ့ခ်ကလာ့ခ်က ပြောကြားခဲ့သည်။
မဲခေါင်မြစ်အောက်ပိုင်း ပဏာမခြေလှမ်းဆိုင်ရာ အစည်းအဝေးကို ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ပေးသည့် နည်းလမ်းတစ်ရပ်အဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က ပြီးခဲ့သည့် ၁၀ နှစ်က စတင်ခဲ့ခြင်းဖြစ်သည်။
သြဂုတ်လအစောပိုင်းတွင် ဘန်ကောက်၌ ကျင်းပမည့် အာဆီယံဝန်ကြီးများနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ တွေ့ဆုံဆွေးနွေးပွဲအတွင်း မဲခေါင်ဒေသရှိ ပြည်သူများအား ပူးပေါင်းထောက်ပံ့မှု လုပ်ဆောင်မည့်အကြောင်းကို ထပ်မံ၍ ကတိပြုပြောကြားမည်ဖြစ်ကာ ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း မိမိတို့စွမ်းဆောင်ရရှိထားသည့် အောင်မြင်မှုများကို မီးမောင်းထိုးပြသသွားမည်ကြောင်း ကလာ့ခ်က ဆိုသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ဒုတိယလက်ထောက်ဖြစ်သော ကလာ့ခ်က တရုတ်နိုင်ငံသည် မဲခေါင်ဒေသ၌ ထိန်းချုပ်မှုလုပ်ဆောင်နိုင်ရန် တဖြည်းဖြည်းချင်း ကြိုးစားချဲ့ထွင်နေခြင်းကို စိုးရိမ်မိကြောင်း ပြောကြားခဲ့ဖူးသည်။ တရုတ်နိုင်ငံသည် ၎င်း၏ပတ်လမ်းနှင့် ရပ်ဝန်းစီမံကိန်းသို့ ပူးပေါင်းပါဝင်ရန် အရှေ့တောင်အာရှနိုင်ငံများအား ဖိအားပေးနေသည်ဟု ကလော့ခ်က စွပ်စွဲထားသည်။
အာရှကို ဥရောပ၊ အာဖရိကနှင့် ဆက်သွယ်ပေးရန်နှင့် ရှေးဟောင်းပိုးလမ်းမကို ပြန်လည်အသက်သွင်းရန် တရုတ်သမ္မတ ရှီကျင်းပင်က ပင်လယ်ရေကြောင်းစီမံကိန်းများ၊ ကားလမ်းနှင့် ရထားလမ်းစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှု အများအပြားလုပ်ဆောင်နေစဉ် ပတ်လမ်းနှင့် ရပ်ဝန်းအစီအစဉ်တွင် ပါဝင်မည့်နိုင်ငံများအား လက်မှတ်ရေးထိုးစေသည့် မူဝါဒကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
မဟာမိတ်နိုင်ငံများဖြစ်သော သြစတြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနှင့်အတူ မဲခေါင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်နေသည့် အမေရိကန်၏ ကြိုးပမ်းအားထုတ်မှုများကို ပွန်ပီယိုက ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆောင်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း ကလာ့ခ်က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
