နယူးယောက်ရှိ JFK လေဆိပ်နှင့် မန်ဟက်တန် အောက်ပိုင်းအကြား ခရီးသည်များအား သယ်ယူပို့ဆောင်ပေးမည့် ပထမဆုံးရဟတ်ယာဉ် အငှားဝန်ဆောင်မှုများအတွက် အဆင်သင့်ဖြစ်နေပြီဟု Uber က ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Uber ၏ ပွဲဦးထွက် လေကြောင်းဝန်ဆောင်မှုသတင်းကို နယူးယောက်တိုင်းမ်တွင် ပထမဆုံး ဖော်ပြခဲ့ပြီး Uber အမှုဆောင်ချုပ် ဒါရာခိုစရိုရှာဟီက အတည်ပြုပေးခဲ့သည်။
ထိုရဟတ်ယာဉ်ပြေးဆွဲမှုများကို ဇူလိုင် ၉ ရက်တွင် စတင်မည်ဖြစ်သည်။ ရှစ်မိနစ်ခန့်ကြာမြင့်မည့် တစ်ကြိမ်စာခရီးစဉ် အတွက် စျေးနှုန်းမှာ ဒေါ်လာ ၂၀၀ မှ ၂၂၅ ကြား ကျသင့်လိမ့်မည်ဟု Uber က ထုတ်ပြန်ခဲ့သည်။ Uber Copter ဟာ မိုးပျံအတွေ့အကြုံရဲ့ ပထမဆုံး စစ်မှန်တဲ့သရုပ်ဖော်မှုကို ပေးစွမ်းမှာပါ” ဟု Uber Elevate ဌာန၏ ဥက္ကဋ္ဌ အဲရစ်အဲလစ်ဆင်က ပြောကြားခဲ့သည်။
ယခု နယူးယောက်ဝန်ဆောင်မှုသည် Uber ၏ Loyalty အစီအစဉ်များထဲ၌ ပါသူများကို ကမ်းလှမ်းမည်ဖြစ်သည်။ လာမည့်နှစ်များအတွင်း စတင်မည့် ပိုမိုကျယ်ပြန့်သော Uber လေကြောင်း သယ်ယူပို့ဆောင်မှုများအတွက် လိုအပ်သော အချက်အလက်များအတွက် ယခုစတင်မည့် လေကြောင်းဝန်ဆောင်မှုများက အကူအညီပေးနိုင်လိမ့်မည်ဟု အဲလစ်ဆင်က ပြောကြားခဲ့သည်။ ဆင်ခြေဖုံးနှင့် မြို့များအကြား၊ အမေရိကန်ထဲမှ မြို့များနှင့် အခြားနိုင်ငံများကြား၌ လေကြောင်းပို့ဆောင်ရေး ဝန်ဆောင်မှုများကို ၂၀၂၃ ခုနှစ်တွင် စတင်ရန် စီစဉ်နေသည်ဟု Uber က ကြေညာခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
