အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးတင်းမာမှုများနှင့် ဆန်းသစ်သည့် နည်းပညာပြိုင်ဆိုင်မှုက ကမ္ဘာ့စီးပွားရေးအပေါ် အလွန်အပျက်သဘောဆောင်သည့် သက်ရောက်မှုဖြစ်စေသည်ဟု သြစတြေးလျ ဝန်ကြီးချုပ်က ဇွန် ၇ ရက်တွင် ပြောကြားခဲ့ပြီး သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် အင်အားကြီးနှစ်နိုင်ငံစလုံးကို ၎င်းက တိုက်တွန်းခဲ့သည်။
၀ါရှင်တန်နှင့် ပေကျင်းက ၎င်းတို့၏ သဘောထားကွဲလွဲမှုများကို ဖြေရှင်းရန် အပြင်းအထန်ကြိုးစားနေစဉ် နိုင်ငံများက တစ်နိုင်ငံနှင့်တစ်နိုင်ငံ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများ တိုးချဲ့မှုကို ဆက်လက်လုပ်ဆောင်ရန် စကော့မော်ရစ်ဆင်က စင်ကာပူသို့ ရောက်ရှိစဉ် အလုပ်သဘော နေ့လယ်စာစားပွဲတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင်ငံသည် ထိခိုက်နစ်နာမှုရှိသော ကုန်သွယ်ရေးစစ်ပွဲတစ်ပွဲ ဆင်နွှဲနေသည်မှာ လနှင့်ချီ ကြာမြင့်ပြီဖြစ်သည်။ နိုင်ငံတော်လုံခြုံရေးကိစ္စနှင့်ပတ်သက်ပြီး တရုတ်ဧရာမနည်းပညာကုမ္ပဏီ Huawei ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမည်ပျက်စာရင်း၌ ထည့်သွင်းခဲ့ပြီးနောက် ၎င်းတို့၏ သဘောထားကွဲလွဲမှုသည် လတ်တလောတွင် နည်းပညာနယ်ပယ်သို့ ပျံ့နှံ့လာခဲ့သည်။
“တရုတ်- အမေရိကန် တင်းမာမှုက ကမ္ဘာ့စီးပွားရေးစွမ်းဆောင်ရည်အပေါ်မှာ သိပ်ကို အပျက်သဘောဆောင် သက်ရောက်မှုတစ်ခုပါ။ ကမ္ဘာ့စီးပွားရေးရဲ့ အခြေခံတွေ အများကြီးက ခိုင်မာနေတဲ့အချိန်မှာ ဒီအခြေအနေက စိတ်ပျက်စရာပါပဲ” ဟု မော်ရစ်ဆင်က ပြောကြားခဲ့သည်။
တရုတ်- အမေရိကန် နှစ်နိုင်ငံက ၎င်းတို့၏ သဘောထားကွဲလွဲမှုကို ဖြေရှင်းနေစဉ် ကျန်ရှိသည့်နိုင်ငံများက လွတ်လပ်စွာ ကုန်သွယ်မှုအတွက် အရှိန်အဟုန်ကို ရှေ့ဆက်လုပ်ဆောင်သင့်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ အမေရိကန်နုတ်ထွက်ခဲ့ပြီးနောက် နိုင်ငံ ၁၁ နိုင်ငံက သဘောတူခဲ့သည့် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီမှုတစ်ခုဖြစ်သော Trans- Pacific Partnership (TPP) ကို မော်ရစ်ဆင်က ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။
မော်ရစ်ဆင်သည် အစောပိုင်းတွင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် နှစ်ဦးစလုံးက Regional Comprehensive Economic Partnership (RCEP) ဟု ခေါ်ဆိုသည် နောက်ထပ် လွတ်လပ်စွာ ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုကို ယခုနှစ်တွင် အပြီးသတ်နိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။
သြစတြေးလျ၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့ အပါအဝင် မိတ်ဖက်နိုင်ငံများတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ပြီးနောက် RCEP စေ့စပ်ဆေးနွေးမှုအတွက် အဖွဲ့ဝင် ၁၆ နိုင်ငံသည် ယခုအခါ ဆွေးနွေးပွဲကို အာရုံစိုက်နိုင်ပြီဟု မော်ရစ်ဆင်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ ဒေသအတွက် ဒါက အရမ်းကို အရေးပါတဲ့ သဘောတူညီမှုတစ်ခုလို့ ယူဆတယ်” ဟု သြစတြေးလျခေါင်းဆောင်က ပြောကြားခဲ့သည်။ ထရန့်နှင့် ရှည်ကြာသည့် ကုန်သွယ်ရေးစစ်ပွဲ ဖြစ်ပွားနေစဉ် တရုတ်က RCEP ကို ထောက်ခံခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
