အီရန်သည် ပါရှန်ပင်လယ်ကွေ့ဒေသရှိ အမေရိကန်တပ်ဖွဲ့ဝင်များအား တိုက်ခိုက်ရန် စီစဉ်နေခဲ့ဖွယ်ရှိပြီးမှ နောက်ပြန်ဆုတ်ကာ ပြန်တွက်ချက်ရန် ဆုံးဖြတ်ခဲ့ဖွယ်ရှိသည်ဟု အရှေ့အလယ်ပိုင်းမှ အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ခြိမ်းခြောက်မှုများမရှိတော့ဟု ကောက်ချက်ချရန် စောလွန်းသေးသည်ဟု ၎င်းကဆိုသည်။
အီရန်ဘက်မှ ရန်စလာမည်ကို စိုးရိမ်နေဆဲဖြစ်ကြောင်း၊ အီရန်၏ ဒုံးကျည်များနှင့် အခြားလက်နက်များ၏ ရန်မှ ကာကွယ်မှုကို ပိုမိုအားကောင်းစေရန် အမေရိကန်တပ်ဖွဲ့ဝင်များ ထပ်မံတပ်ဖြန့်ရေးအတွက် တောင်းဆိုနိုင်ခြေကိုလည်း ပယ်ချခြင်းမရှိသေးကြောင်း ဗိုလ်ချုပ်ကြီး ဖရန့်မက်ကင်ဇီးက သတင်းထောက်များနှင့် မေးမြန်းခန်းတွင် ဖြေကြားခဲ့သည်။
“ဒီခြိမ်းခြောက်မှု မရှိတော့ဘူးလို့တော့ ကျွန်တော်မထင်ဘူး။ ဒီခြိမ်းခြောက်မှုဟာ အလွန်စစ်မှန်တယ်လို့ ယုံကြည်နေပါတယ်” ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ်မှ အကြီးအကဲဖြစ်သည့် မက်ကင်ဇီးက ဆိုသည်။
အမေရိကန်က အီရန်၏ တိုက်ခိုက်မှုအတွက် လက်တုံ့ပြန်ရန် ပြင်ဆင်နေပြီဟု အီရန်တို့ကို အယုံသွင်း၊ တစ်ဖက်၌လည်း အမေရိကန်က တိုက်ခိုက်မှုတစ်ခုကို စီစဉ်နေပြီဟု အီရန်တို့ အထင်ရောက်စေရန် ပင်လယ်ကွေ့ထဲတွင် အလွန်ကြီးမားသော စစ်အင်အားကို ချထားခြင်းဖြင့် အခြေအနေမျှခြေညီစေရန် မက်ကင်ဇီးနှင့် အခြားစစ်တပ်အရာရှိများက ကြိုးပမ်းနေသည်။
“ပင်လယ်ကွေ့ထဲမှာ အမေရိကန်က ပြန်ပြီး တပ်ဖြန့်လိုက်တာကြောင့် အီရန်တွေကို နောက်နည်းနည်း ဆုတ်သွားစေပါတယ်။ ဒါပေမဲ့မဟာဗျူဟာပိုင်းအရတော့ အီရန်တွေ နောက်ဆုတ်သွားတယ်လို့ ကျွန်တော်တော့ မထင်ပါဘူး” ဟု မက်ကင်ဇီးက ဘဂ္ဂဒက်၌ ပြောကြားခဲ့သည်။
ကာလရှည်ကြာ ရန်သူဖြစ်သောအီရန်တို့ကို မလိုအပ်ဘဲ ရန်သွားစရာ မရောက်စေဘဲ အကာအကွယ်သဘောမျိုးသာ သက်ရောက်စေမည့် စစ်အင်အားကို အမေရိကန်တို့ဘက်မှ ပြနေခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီးက ပြောကြားရင်း “ဒီမျဉ်းအတိုင်းကို ကျွန်တော်တို့ အရမ်းကို ခက်ခက်ခဲခဲ လျှောက်နေကြတာဖြစ်ပါတယ်” ဟုလည်း ပြောခဲ့သည်။ လက်ရှိအချိန်အထိ ၎င်းတို့လုပ်ဆောင်ခဲ့သည်များအတွက် ယုံကြည်ချက်ရှိသည်ဟု မက်ကင်ဇီးက ဆိုသည်။
“ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိတဲ့အကြောင်း အီရန်တွေကို ပြသဖို့ ကျွန်တော်တို့ လုပ်ဆောင်နေတာပါ” ဟု မက်ကင်ဇီးကဆိုကာ ပင်လယ်ကွေ့ဒေသထဲသို့ USS Abraham Lincoln လေယာဉ်တင် သင်္ဘောပါဝင်သည့် တိုက်ခိုက်ရေးသင်္ဘောအုပ်စု၊ လေတပ်မှ B-52 ဗုံးကြဲလေယာဉ် လေးစင်း၊ Patriot လေကြောင်းကာကွယ်ရေး စနစ်များအတွက် ထပ်တိုးအမြောက်စုများအား အရှိန်မြှင့်တပ်ဖြန့်ထားခြင်းကို ရည်ညွှန်းခဲ့သည်။
အီရန်၏ စီးပွားရေးကို ယိုင်နဲ့စေသော အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများသည် သံတမန်ရေး ဆွေးနွေးပွဲဖြစ်မြောက်လာစေရန် တံခါးပွင့်လာစေနိုင်သည်ဟု ထရန့်ကလည်း ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်နှင့် ယှဉ်တွဲလျက် ပြောကြားခဲ့သည်။
“သူတို့ဘက်က ဆွေးနွေးလိုတယ်ဆိုရင် ကျွန်တော်တို့ကလည်း ဆွေးနွေးမှာပါ။ ဒါပေမဲ့ သူတို့ဆီမှာ နျူကလီးယားလက်နက် ရှိနေတုန်း ဒီလိုမျိုး ဆွေးနွေးလို့ရမှာ မဟုတ်ပါဘူး” ဟု အမေရိကန်သမ္မတက ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
