မေ ၁၂ ရက်က ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံခဲ့ရမှု၏ နောက်ကွယ်တွင် အစိုးရအဖွဲ့အစည်းတစ်ခု ရှိနေနိုင်သည်ဟု ယင်းဖြစ်စဉ်အပေါ် ယူအေအီးဦးဆောင်သည့် စုံစမ်းစစ်ဆေးမှု၏ အစောပိုင်းရလဒ်များက ညွှန်ပြနေသည်ဟု ယူအေအီးက ဇွန် ၆ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် အီရန်ပါဝင်ပတ်သက်နေသည်ဆိုသည့် သက်သေကိုမူ မတွေ့သေးပေ။
ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ယူအေအီးသည် ဆော်ဒီအာရေဗျ၊ နော်ဝေတို့နှင့်အတူ စုံစမ်းစစ်ဆေးမှု၏ အစောပိုင်းတွေ့ရှိချက်များကို တင်ပြခဲ့ကြသည်။ တုံ့ပြန်အရေးယူနိုင်ခြေနှင့် ပတ်သက်၍ စဉ်းစားဆုံးဖြတ်ရန်အတွက် အပြီးသတ်တွေ့ရှိချက်ကိုလည်း လုံခြုံရေးကောင်စီသို့ပင် တင်ပြကြမည်ဖြစ်သည်။
ဖူဂျိုင်ရာဆိပ်ကမ်း၏ ကမ်းလွန်ပင်လယ်ပြင်၊ ယူအေအီး၏ ရေပိုင်နက်ထဲ၌ ဆော်ဒီသင်္ဘောနှစ်စင်း၊ နော်ဝေသင်္ဘောတစ်စင်းနှင့် ယူအေအီးသင်္ဘောတစ်စင်းတို့မှာ ဖောက်ခွဲတိုက်ခိုက်မှုနှင့် ကြုံခဲ့ရသည်။ အီရန်နှင့် အမေရိကန်ကြား၌ တင်းမာမှုများ မြင့်တက်နေစဉ်ဖြစ်ပွားခဲ့သော ထိုတိုက်ခိုက်မှုများနောက်ကွယ်တွင် အီရန်ရှိနေသည်ဟု အမေရိကန်က စွပ်စွဲလျက်ရှိသည်။
ထိခိုက်ပျက်စီးခဲ့မှုများကို ဓာတုဗေဒပညာရှင်များက လေ့လာသုံးသပ်ပြီးနောက် ထိုတိုက်ခိုက်မှုများမှာ အဆင့်မြင့်၊ ရှုပ်ထွေးပြီး အစိုးရပိုင်းက အများဆုံး လုပ်ဆောင်လေ့ရှိသည့် ပုံစံနှင့်တူညီကြောင်း ယူအေအီးက ဆိုသည်။ “စုံစမ်းစစ်ဆေးနေဆဲပါ။ ဒါပေမဲ့ အခုရရှိထားတဲ့ အချက်အလက်တွေကတော့ သင်္ဘောလေးစင်း တိုက်ခိုက်ခံရမှုဟာ စွမ်းဆောင်ရည် မြင့်မားသူတစ်ဦးရဲ့ အဆင့်မြင့် ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ညွှန်ပြနေပြီး အစိုးရတစ်ရပ်ရဲ့ လက်ချက် ဖြစ်နိုင်ခြေများပါတယ်” ဟု ယူအေအီး၊ ဆော်ဒီအာရေဗျ၊ နော်ဝေတို့၏ ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။
လှေငယ်များဖြင့် အလျင်အမြန်ရောက်ရှိလာသည့် ရေငုပ်သမားများသည် Limpet မိုင်းလေးခုကို သင်္ဘောများ၏ ဝမ်းတွင် သံလိုက်နှင့် ကပ်ပေးလိုက်ခြင်းသည် ဖြစ်နိုင်ခြေ အလွန်များကြောင်း အစောပိုင်းတွေ့ရှိချက်များက ညွှန်ပြနေသည်။ ရေနံတင်သင်္ဘောလေးစင်းကို ပစ်မှတ်အဖြစ် ရွေးချယ်ကာ တိုက်ခိုက်နိုင်ရေးအတွက် ထောက်လှမ်းရေး အချက်အလက်များ လိုအပ်နိုင်သည်ဟု ယူအေအီးက ယူဆနေခြင်းဖြစ်သည်။
ဆော်ဒီက အီရန်ကို ပြစ်တင်
သင်္ဘောတိုက်ခိုက်ခံရမှုများ၏ နောက်ကွယ်၌ ရှိနေသည်ဆိုသော စွပ်စွဲချက်များအား အီရန်က ငြင်းဆန်နေစဉ် သံတမန်များကလည်း လုံခြုံရေးကောင်စီ၌ ယခုရှင်းလင်းတင်ပြချက်တွင် အီရန်ပါဝင်နိုင်ခြေရှိသည်ဟု ပြောကြားခြင်း မရှိခဲ့ပေ။ သို့သော် အီရန်၏ ခါးသီးသော ရန်ဘက်ဖြစ်သည့် ဆော်ဒီကမူ မည်သို့ပင်ဖြစ်စေ အီရန်သည် တရားခံအဖြစ်နိုင်ဆုံးဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီတွင် တံခါးပိတ် အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ရုရှား၏ ဒုတိယသံအမတ် ဗလာဒီမာဆာဖရွန်ကို့ဇ်ကမူ အီရန်သည် ထိုသင်္ဘောတိုက်ခိုက်မှုများနှင့် ဆက်နွှယ်နေသည့် သက်သေမရှိသေးဟု သတင်းထောက်များကို ပြောကြားခဲ့သည်။
“စုံစမ်းစစ်ဆေးမှုတွေ လုပ်နေဆဲအချိန်မှာ ကောက်ချက်မချသင့်သေးပါဘူး” ဟု ၎င်းကပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
