Top News

အာတိတ်ဒေသ ရထားခရီးစဉ်ကို ရုရှားက ပထမဦးဆုံးအကြိမ် ပြေးဆွဲ
24htopnews | November 23, 2024 10:12 AM CST

ရုရှား၏ အာတိတ်ဒေသကိုဖြတ်၍ နော်ဝေသို့ ပထမဆုံးပြေးဆွဲမည့် ခရီးသည်တင်ရထားပေါ်တွင် ခရီးသည် ၉၁ ဦးလိုက်ပါလျက် ဖွင့်ပွဲခရီးစဉ်အဖြစ် ဇွန် ၅ ရက်က စိန့်ပီတာ စဘတ်ဘူတာရုံမှ ထွက်ခွာခဲ့သည်။ Zaren gold ဟု အမည်ပေးထားသော အဆိုပါရထားသစ်တွင် စားသောက်ဆိုင်ပါသော တွဲနှစ်တွဲပါရှိပြီး စိန့်ပီတာစဘတ်မြို့မှ ပတ်ထရိုဇာဘော့မြိုကိုဖြတ်၍ သမိုင်းဝင်ကမ်မယ်ရာ ဘာမြို့နှင့် မူရ်မန့်စ်မြို့ထိသို့ ပြေးဆွဲမည် ဖြစ်သည်။

အာတိတ်စက်ဝိုင်းမြောက်ဘက်ရှိ အကြီးဆုံးမြို့ဖြစ်သော မူရ်မန့်စ်မြို့သို့ ရောက်ရှိလျှင် ခရီးသည်များသည် ရထားမှဆင်း၍ ဘတ်စ်ကားဖြင့် နော်ဝေရှိ ကာကီနီမြို့သို့ ဆက်လက်သွားရောက်ရလိမ့်မည်ဖြစ်ကာ အော်စလိုမြို့သို့ သင်္ဘောဖြင့်လည်းကောင်း၊ စပစ်ဘာဂန်ကျွန်းသို့ လေကြောင်းခရီးဖြင့်လည်းကောင်း သွားရောက်နိုင်သည်။

ရထားခရီးစဉ် အစ၊အဆုံးသည် ၁၁ ရက် ကြာမြင့်မည်ဖြစ်ကာ အခြားသော ပို့ဆောင်ဆက်သွယ်ရေးဖြင့် လာရောက်ရန်ခက်ခဲသည့်နေရာများကိုပါ ခရီးသည်များ ကြည့်ရှုခံစားနိုင်ရန် စီစဉ်ပေးထားကြောင်း စီစဉ်သူများက ပြောကြားခဲ့သည်။

ရထားဖွင့်ပွဲခရီးစဉ်တွင် လိုက်ပါကြသော ခရီးသည် ၉၁ ဦးသည် အမေရိကန်၊ ဂျာမနီ၊ နော်ဝေ၊ ရုရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ ခရီးသည်များဖြစ်ကြသည်။ အာတိတ်ဒေသ ရထားခရီးစဉ်ကို ကနေဒါနှင့် နော်ဝေခရီးသွားအေဂျင်စီများက လွှမ်းမိုးနေကြသော်လည်း နောင်တွင် ထိုခရီးစဉ်အတွင်း ရထားများပုံမှန်ပြေးဆွဲသွားရန် မျှော်လင့်ကြောင်း German Lernidee Erlebnisreisen ခရီးသွားအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ နာလန်မူကက်စ်က ဆိုသည်။ Ref ; AFP


READ NEXT
Cancel OK