Amazon ၏လေကြောင်းကုန်ပစ္စည်းပို့ဆောင်သည့် ဝန်ဆောင်မှု Prime Air အတွက် နောက်ဆုံးဒီဇိုင်းအသစ်ကို ထုတ်ဖော်ပြသခဲ့ပြီးနောက် ကုန်ပစ္စည်းများအား ဒရုန်းဖြင့် ကျယ်ကျယ်ပြန့်ပြန့်ပို့ဆောင်မှုများကို လာမည့်လများတွင်စတင်ရန် မျှော်မှန်းထားသည်ဟု ယင်းကုမ္ပဏီက ဇွန် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
Amazon Prime အသုံးပြုသူများအတွက် တစ်ရက်တွင် ပစ္စည်းအမျိုးအမည်များ ပို့ဆောင်မှုအတွက် အချိန်လျှော့ချပေးရန် ကြိုးပမ်းမှုတွင် ဒရုန်းများက အခန်းကဏ္ဍတစ်ခုအဖြစ် ပါဝင်လာမည်ဟု Amazon ၏ စားသုံးသူစီမံခန့်ခွဲရေးလုပ်ငန်း၏ဥက္ကဋ္ဌ Jeff Wilkeက လာ့စ်ဗီးဂတ်တွင်ပြုလုပ်ခဲ့သည့် ကုမ္ပဏီ၏ Machine Learning , Automation,Robotics and Space ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
“၁၅ မိုင် ( ၂၅ ကီလိုမီတာ) အထိ ပျံသန်းနိုင်ပြီး ငါးပေါင်အောက် (၂.၃ ကီလို) ရှိတဲ့ ပစ္စည်းတွေကို စားသုံးသူတွေဆီ မိနစ် ၃၀ မကြာဘဲ ရောက်ရှိနိုင်မယ့် လျှပ်စစ်ဓာတ်အားသုံး ဒရုန်းတွေ အပြည့်အဝ တပ်ဆင်ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်” ဟု Wilke က ဘလော့ဂ်တွင် ရေးသားခဲ့သည်။
ဒရုန်းနှင့် ကုန်ပစ္စည်းများ ပို့ဆောင်ပေးမည့် ဝန်ဆောင်မှုစတင်လည်ပတ်မည့် အချိန်နှင့် နေရာကိုမူ Amazon က ထုတ်ပြန်ခဲ့ခြင်း မရှိပေ။ Amazon သည် ဒရုန်းဖြင့်ပစ္စည်းပို့ဆောင်သည့် ဝန်ဆောင်မှုကို ၂၀၁၆ ခုနှစ်တွင် ဗြိတိန်၌ ပထမဆုံးအကြိမ် စမ်းသပ်ခဲ့သည်။ ယင်းအချိန်တွင် အမေရိကန်၌ ပစ္စည်းပို့ဆောင်မှုအတွက် ဒရုန်းအသုံးပြုရန် စည်းကမ်းများက ပိုမိုတင်းကျပ်ခဲ့သည်ဟု Amazon က ထုတ် ပြန်ခဲ့သည်။
Amazon သည် ၎င်း၏ ပစ္စည်းပို့ဆောင်သည့်ဒရုန်းများ ပိုမိုဘေးကင်းလုံခြုံရေးနှင့် အချိန်တိုအတွင်း ခရီးရောက်ရေးအတွက် ရင်းနှီးမြှုပ်နှံခဲ့သည်ဟု Wilke က ဇွန် ၅ ရက်တွင် ပြောကြားခဲ့သည်။
ဒရုန်းသည် ရဟတ်ယာဉ်တစ်စင်းကဲ့သို့ ဒေါင်လိုက်ပျံသန်းပြီး ဒေါင်လိုက်ဆင်းသက်နိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ ယင်းဒရုန်းသည် လေယာဉ်ပျံတစ်စင်းကဲ့သို့ပင် အချိန်တိုတိုနှင့် ခရီးရောက်ပြီး လေခွင်းအားရှိသည်ဟုလည်း ၎င်းက ဆိုသည်။
ဒရုန်းအသစ်များကို လေပြင်းတိုက်သည့်အခြေအနေတွင် တည်ငြိမ်မှုရှိရန်လည်း ပုံစံထုတ်ဒီဇိုင်းရေးဆွဲခဲ့သည်ဟု Wilke က ပြောကြားခဲ့သည်။
“စနစ်က အလွန့်အလွန်ဘေးကင်းတယ်ဆိုတာကို စားသုံးသူတွေသိမယ်ဆိုရင် ဒရုန်းနဲ့ ပစ္စည်းပို့ဆောင်တာကို လက်ခံရယူတာ သက်သောင့်သက်သာဖြစ်စေမယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ယင်းကြောင့် ဒရုန်းတည်ဆောက်ရာတွင် ဘေးကင်းလုံခြုံရန်သာမက သီးခြားစီဘေးကင်းလုံခြုံမှုရှိစေရန် နောက်ဆုံးပေါ် AI နည်းပညာများ အသုံးပြုခဲ့သည်ဟုလည်း ပြောကြားခဲ့သည်။
Prime ဝန်ဆောင်မှုအသုံးပြုသူများအတွက် အခမဲ့ပို့ဆောင်ပေးမှုများကို တိုးမြှင့်လုပ်ဆောင်ပေးသွားမည်ဖြစ်ပြီး မြောက်အမေရိကမှ စားသုံးသူများသည် ပထမဆုံးအကျိုးခံစားခွင့်ရှိမည်ဟု Amazon က ထုတ်ပြန်ခဲ့သည်။ Ref; AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
