နယူးယောက်မြို့ ဆော်သဘီလေလံတိုက်တွင် လေလံတင်ခဲ့သော မော်ရီဇီယို ကက်တလန်၏ နံရံတွင် တိပ်ဖြင့်ကပ်ထားသော ငှက်ပျောသီးအနုပညာပြကွက် ဒေါ်လာ ၆ ဒသမ ၂ သန်းဖြင့် လေလံတင်ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ယင်းလေလံတင်ရောင်းချနိုင်သည့် စျေးနှုန်းသည် ပျမ်းမျှ လေလံခေါ်စျေးနှုန်းထက် လေးဆကျော် ပိုမိုရရှိခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံမှ ဒစ်ဂျစ်တယ်ငွေကြေးကစားသူ ဂျက်စတင်ဆွန်းက အီတလီအနုပညာရှင်၏ "Comedian" အမည်ရှိအနုပညာပြကွက်ကို အခြားပြိုင်ဘက်ခြောက်ဦးကို ကျော်လွန်ပြီး နိုဝင်ဘာ ၂၀ ရက်တွင် လေလံနိုင်ခဲ့ခြင်းဖြစ်ကြောင်းလေလံတိုက်က ပြောကြားခဲ့သည်။
"လာမယ့်ရက်ပိုင်းမှာတော့ ကျွန်တော့်အနေနဲ့ ဒီထူးခြားတဲ့အနုပညာပြကွက် တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ငှက်ပျောသီးကို စားသုံးသွားမှာ ဖြစ်ပါတယ်"ဟု မစ္စတာဆွန်းက မှတ်ချက်ပြုပြောကြားခဲ့သည်။
"Comedian"အမည်ရှိ ယင်းအနုပညာပြကွက်ကို ၂၀၁၉ ခုနှစ်က ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကာ ထိုအချိန်က ယင်းပြကွက်နှင့်ပတ်သက်ပြီး အင်တာနက်တွင် ငြင်းခုန်မှုများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့သည်။
Ref: BBC
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
