■ မူရာ နှင့် စပါး (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
စပါးအသင်းက အုပ်စုပွဲ အဝေးကွင်း(၂)ပွဲစလုံး အနိုင်မ ရထားဘူး။ ဒါပေမဲ့ အခုတွေ့ဆုံမယ့် ဆလိုဗေးနီးယားကလပ် မူရာက အုပ်စုတွင်းမှာ အိမ်ဖြည့်သက်သက်အဆင့်လောက် ဖြစ်နေလို့ စပါးအဖို့ ဖိအားမရှိတာသေချာပါတယ်။ မကြာသေး မီကမှ စပါးနည်းပြရာထူးရယူထားတဲ့ ကွန်တီကလည်း သူ့ လက်ထက်မှာ ပြိုင်ပွဲတစ်ပွဲကနေ ထွက်သွားရတဲ့ အခြေအနေ မျိုးမရောက်အောင် ပြင်ဆင်လာမှာ မလွဲပါဘူး။ တစ်ဖက်မှာ ရန်းစ်နဲ့ ဗွီတက်ဆီတို့ ထိပ်တိုက်တွေ့နေတာကြောင့်လည်း စပါးအသင်း ဒီပွဲအနိုင်ရရုံနဲ့ နောက်တစ်ဆင့်တက်ဖို့ အခွင့်အ ရေးရှိနေတယ်။ စပါး ဂိုးပြတ်လိမ့်မယ်။
■ ရန်းစ် နှင့် ဗွီတက်ဆီ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ရန်းစ်အသင်း သရေကစားရုံနဲ့ နောက်တစ်ဆင့်တက်မှာ ကို သတိပြုသင့်တယ်။ ပြင်သစ်မြေဖြစ်ပေမဲ့ ဗွီတက်ဆီကို အရဲ စွန့်ရွေးချင်တယ်။
■ မက္ကာဘီဟိုင်ဖာ နှင့် အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
နှစ်သင်းစလုံးအတွက် နောက်တစ်ဆင့်တက်ရေး အဆုံး အဖြတ်ပွဲဖြစ်နေတယ်။ အူန်ယွန်းဘာလင် အဝေးကွင်းမှာ အနိမ့် ဆုံးသရေကစားမယ်။
■ ရိုးမား နှင့် ဇော်ယာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ရိုးမားအသင်းက နော်ဝေကလပ် ဘိုဒယ်ဂလင့်နဲ့ကစားတဲ့ နှစ်ကျော့မှာ နိုင်ပွဲပျောက်ခဲ့လို့ မသေချာမရေရာတဲ့ အနေအထား ရောက်ခဲ့ရတာပါ။ နည်းပြ မော်ရင်ဟိုအတွက်လည်း နောက်ပိုင်း ရလဒ်ဆိုးတွေကြောင့် ဖိအားမြင့်တက်လာလို့ ဒီလိုပွဲမျိုးတော့ ရလဒ်ကောင်းဖို့ အာရုံစိုက်လိမ့်မယ်။ ရိုးမား ဂိုးပြတ်နိုင်လောက်ပါတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
