အင်္ဂလန်လက်ရွေးစင်အသင်းနှင့်အတူ အမှတ်တရအသစ်များ ဖန်တီးသွားလိုသည်ဟု အသင်းနည်းပြဖြစ်သူ ဆောက်ဂိတ်က စာချုပ်သစ်ချုပ်ဆိုပြီးနောက် ထုတ်ဖော်ပြောကြားခဲ့သည်။
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် (FA) သည် လက်ရွေးစင်အသင်းနည်းပြ ဆောက်ဂိတ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ဆောက်ဂိတ် (၅၁နှစ်)သည် အင်္ဂလန်လက်ရွေးစင်အသင်းကို ၂၀၁၆ ခုနှစ်တွင် ယာယီနည်းပြဘဝမှ လအနည်းငယ်အကြာ၌ လေးနှစ်စာချုပ်ဖြင့် စတင်တာဝန်ယူခဲ့သူဖြစ်ပြီး ၎င်း၏လက်ထက်တွင် တိုးတက်မှုများ ရှိလာသည့်အတွက် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးအထိ သက်တမ်းတိုးခဲ့သည်။
ယခုအခါ ယူရို-၂၀၂၀ ပြိုင် ပွဲ တွင် ဗိုလ်စွဲရန် နီးစပ်သည့်အခြေအနေသို့ ရောက်ရှိခဲ့သည့်အတွက် ၂၀၂၄ ဒီဇင်ဘာလ အထိ ထပ်မံသက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်သည် ဆောက်ဂိတ်နှင့်အတူ လက်ထောက်နည်းပြ စတိဗ်ဟော်လန်းကိုလည်း သက်တမ်းတိုးခဲ့သည်။
ဆောက်ဂိတ်က "သက်တမ်းတိုးစာချုပ် ချုပ်ဆိုနိုင်လို့ ဝမ်းမြောက်မိပါတယ်။ ဒီလိုအခွင့်အရေးပေးခဲ့တဲ့အတွက် FA အမှုဆောင်ချုပ်နဲ့ နည်းစနစ်ဒါရိုက်တာကိုရော ထောက်ခံခဲ့တဲ့ ဘုတ်အဖွဲ့ဝင်တွေကိုပါ ကျေးဇူးတင်ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း စိတ်လှုပ်ရှားစရာ မှတ်တမ်းတွေ ချန်ရစ်နိုင်ခဲ့သလို၊ လာမယ့်နှစ်တွေမှာ အမှတ်တရအသစ်တွေ ရေးသားနိုင်ဖို့ ကြိုးစားသွားမှာပါ" ဟုဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
