အေစီမီလန်နှင့် အာဆင်နယ်သို့ ရောက်ရှိနိုင်ဟု လိုင်လီကွင်းလယ်လူ ရီနာတိုဆန်းချက်စ် ပြောကြား
24htopnews | November 23, 2024 12:12 PM CST
လိုင်လီအသင်းမှ ပေါ်တူဂီကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်က လာမည့် ဇန်နဝါရီအပြောင်းအရွှေ့တွင် အေစီမီလန် သို့မဟုတ် အာဆင်နယ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
လိုင်လီအသင်းက ရောင်းထုတ်ရန် စီစဉ်နေသည့် ရီနာတိုဆန်းချက်စ်က "မီလန်နဲ့ အာဆင်နယ်က ကျွန်တော့်ကို စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အတိအကျတော့ မသိသေးပါဘူး။ အကောင်းဆုံးဖြစ်မယ့်အသင်းကို ရွေးချယ်မှာပါ။ အေစီမီလန်လား။ ခမ်းနားတဲ့သမိုင်းရှိတဲ့အသင်းကို ကျွန်တော် သဘောကျပါတယ်"ဟု ပြောကြားခဲ့သည်။
ရီနာတိုဆန်းချက်စ်သည် ယခုရာသီတွင် လိုင်လီအသင်းအတွက် (၆)ပွဲ ပါဝင်ကစားပေးထားပြီး ဂိုးသွင်းယူနိုင်ခြင်း မရှိသေးပေ။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
