နာမည်ကျော်ကစားသမားဟောင်းတစ်ဦးဖြစ်သလို၊ Sky Sports ၏ ဘောလုံးသုံးသပ်သူတစ်ဦးဖြစ်သည့် ကာရေဂါက PSG အသင်း၏ နည်းပြဖြစ်သူ ပိုချက်တီနိုအနေဖြင့် PSG အသင်းတွင် ဆက်နေသည်ထက် မန်ယူအသင်းထံသို့ ပြောင်းရွှေ့လာခဲ့ခြင်းက သူ့အတွက် ပိုကောင်းလိမ့်မည်ဟု ပြောကြားခဲ့သည်။
ကာရေဂါက နာမည်ကျော်ကစားသမားများဖြစ်သည့် မက်ဆီ၊ နေမာ၊ ဘာပေတို့ကဲ့သို့ ကစားသမားများကို ကိုင်တွယ်ရခြင်းက ပိုချက်တီနိုအတွက် များစွာအခက်အခဲရှိနေပြီး ယင်းကစားသမားများက ပိုချက်တီနို၏ အရည်အချင်းများကို နောက်ပြန်ဆွဲချသလိုဖြစ်နေသည်ဟုလည်း ယုံကြည်နေသည်။
နည်းပြတစ်ဦးအနေဖြင့် နည်းဗျူဟာပိုင်းဆိုင်ရာနှင့်ပတ်သက်ပြီး ယုံကြည်ရာကို လုပ်ခွင့်မရှိဘဲ ကြယ်ပွင့်ကစားသမားများကို စိတ်မပျက်ရအောင် ကြိုးစားနေရခြင်းသည် ပိုချက်တီနိုနှင့် ကိုက်ညီသည့်အခြေအနေ မဟုတ်ဟုလည်း ကာရေဂါက ဆိုခဲ့သည်။
''ကျွန်တော်သာ ပိုချက်တီနိုရဲ့နေရာမှာဆိုရင် ဒီနေ့ မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကိုရရင် မနက်ဖြန် ပြောင်းရွှေ့မှာပါ။ ဘာကြောင့်လဲ ဆိုတာကို ရိုးရိုးသားသားပြောရရင် ဒီအသင်းရဲ့ ကြယ်ပွင့်ကစားသမား (၃)ဦးဖြစ်တဲ့ မက်ဆီ၊ နေမာ၊ ဘာပေတို့ကြောင့်ပါပဲ''ဟု ပြောကြားခဲ့သည်။
နာမည်ကျော် ပြင်သစ်တိုက်စစ်မှူးဟောင်း အွန်နရီကလည်း PSG အသင်းသည် ခံစစ်ပိုင်းတွင် လုပ်ရမည့် တာဝန်များကို ပျက်ကွက်နေမည်ဆိုပါက ဥရောပအဆင့် အောင်မြင်မှုများကို ရယူနိုင်ရန် လွယ်ကူမည်မဟုတ်ဟု ပြောကြားခဲ့သည်။
အွန်နရီက ''ခင်ဗျားသာ ချန်ပီယံလိဂ်ဖလားကို ယူချင်တယ်ဆိုရင် ခံစစ်ကို ကစားသမား (၇)ဦးတည်းနဲ့ ကစားခိုင်းလို့မရပါဘူး။ အဲဒါ အရေးကြီးပါတယ်။ အသင်းမှာ ဘယ်သူတွေရှိနေလဲဆိုတာ အရေးမကြီးဘူး။ သူတို့ဟာ အသင်းမှာပါဝင်နေရပါမယ်''ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
