ချယ်လ်ဆီးအသင်းနည်းပြ တူဟယ်လ်သည် ပြီးခဲ့သည့် အင်္ဂါနေ့က ကစားခဲ့သော ချန်ပီယံလိဂ်ပွဲစဉ် ချယ်လ်ဆီး (၄-၀) ဂျူဗင်တပ်စ်ပွဲတွင် အသင်းအတွက် ပြိုင်ပွဲစုံပွဲ (၅၀)ပြည့်မြောက်ခဲ့ပြီး ယင်းပွဲတွင် ပေးဂိုးများနှင့် ပတ်သက်သည့် ထူးခြားစံချိန်မှတ်တမ်းများ တင်ရှိခဲ့ကြောင်း သိရသည်။
တူဟယ်လ်၏လက်ထက်တွင် ချယ်လ်ဆီးအသင်းမှာ ပြိုင်ပွဲစုံပေးဂိုး (၂၄)ဂိုးသာပေးခဲ့ရရာ အနည်းဆုံးပွဲ (၅၀)ကိုင်တွယ်သော အင်္ဂလန်ထိပ်တန်းလိဂ်(ယခု ပရီးမီးယားလိဂ်) နည်းပြများထဲတွင် ပေးဂိုးအနည်းဆုံး ပေးရခြင်းအဖြစ် စံချိန်တင်ခဲ့သည်။
ယခင်က ချယ်လ်ဆီးနည်းပြပင် ဖြစ်ခဲ့သူ မော်ရင်ဟိုက စံချိန်တင်ထားခြင်းကို တူဟယ်လ်က (၃)ဂိုးလျော့နည်းကာ ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုသည် ချယ်လ်ဆီးနည်းပြအဖြစ် ပထမအကြိမ်ကိုင်တွယ်စဉ်က ပထမဆုံးပြိုင်ပွဲစုံ ပွဲ(၅၀)၌ ပေးဂိုး(၂၇)ဂိုးရှိ ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ချယ်လ်ဆီးအသင်းသည် ဂျူဗင်တပ်စ်နှင့်ပွဲတွင် ဂိုးမပေးခဲ့ရဘဲ Clean Sheet ရရှိခဲ့ရာ အသင်းအတွက် တူဟယ်လ်၏လက်ထက်၌ ပြိုင်ပွဲစုံ(၃၁)ပွဲမြောက် Clean Sheet ရရှိခဲ့ခြင်း ဖြစ်သည်။
တူဟယ်လ်သည် ချယ်လ်ဆီးအသင်းအားကိုင်တွယ်ခဲ့သည့် ပွဲ(၅၀)တွင် နိုင်ပွဲ(၃၂)ပွဲ၊ သရေပွဲ (၁၁) ပွဲ နှင့် ရှုံးပွဲ(၇)ပွဲရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
