ရီးယဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာသည် လက်ရွေးစင်အသင်းဖော် ဗယ်ဘွေနာ၏ လိင်တိပ်ခွေကိစ္စအတွက် ခြိမ်းခြောက်ငွေညှစ်မှုတွင် အပြစ်ရှိကြောင်း ပြင်သစ်တရားရုံးက နိုဝင်ဘာ (၂၄)ရက်တွင် ဆုံးဖြတ်ခဲ့ပြီး ဘန်ဇီမာကို ဆိုင်းငံ့ထောင်ဒဏ် (၁)နှစ်နှင့် ဒဏ်ငွေ ယူရို (၇၅၀၀၀) ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
အသက် (၃၃)နှစ်အရွယ်ရှိ ဘန်ဇီမာသည် ရီးယဲလ်အသင်းအတွက် အခြေခံလစာ တစ်နှစ် ယူရို (၁၂)သန်းနီးပါး ရရှိနေသူဖြစ်သည်။
သို့သော် ဘန်ဇီမာနှင့် အပေါင်းအပါ (၄)ဦးတို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ဗယ်ဘွေနာ၏ဖုန်းမှ ၎င်း၏လိင်ဆက်ဆံထားသည့် ဗီဒီယိုဖိုင်ကို ခိုးယူကာ ယင်းလိင်တိပ်ခွေဖြင့် ဗယ်ဘွေနာအား အကျပ်ကိုင်ငွေညှစ်ခဲ့ခြင်းဖြစ်သည်။
ယင်းအဖြစ်အပျက်သည် ပြင်သစ်ဘောလုံးအသိုင်းအဝိုင်းတွင် ဟိုလေးတကျော်ဖြစ်ခဲ့ပြီး ဘန်ဇီမာနှင့် ဗယ်ဘွေနာတို့ (၂)ဦးစလုံးမှာ နိုင်ငံအသင်းအတွက် ကစားခွင့်ပျောက်ဆုံးခဲ့ရသည်။
ဘန်ဇီမာကမူ ဗယ်ဘွေနာ၏လိင်တိပ်ခွေကိစ္စနှင့် ပတ်သက်ပြီး ခြိမ်းခြောက်ငွေညှစ်သည်ဆိုသော စွပ်စွဲမှုများကို အမြဲတမ်းငြင်းဆန်ခဲ့ပြီး မိမိအနေဖြင့် ဗယ်ဘွေနာအား အကူအညီပေးရန်အတွက် အပေးအယူပြုလုပ်ရန် ကြိုးပမ်းခဲ့ခြင်းသာဖြစ်ကြောင်း ပြောကြားခဲ့သည်။
နိုဝင်ဘာ (၂၄)ရက်က ပြုလုပ်ခဲ့သည့် တရားခွင်သို့ ရီးယဲလ်တိုက်စစ်မှူး ဘန်ဇီမာ တက်ရောက်ခဲ့ခြင်းမရှိသလို၊ ဂရိကလပ် အိုလံပီယာကော့စ်အသင်းတွင် ကစားနေသည့် ဗယ်ဘွေနာလည်း တက်ရောက်ခဲ့ခြင်း မရှိပေ။
ဗယ်ဘွေနာ၏ လိင်တိပ်ခွေကိစ္စတွင် ဘန်ဇီမာနှင့် အတူ ပါဝင်ခဲ့သည့် အပေါင်းအပါ (၄)ဦးမှာလည်း ဆိုင်းငံ့ထောင်ဒဏ် (၁၈)လမှ (၂)နှစ်ခွဲအထိ အသီးသီးချမှတ်ခံခဲ့ရကြောင်း သိရသည်။
ထို့ပြင် ပြင်သစ်တရားရုံးက ဘန်ဇီမာနှင့်အပေါင်းအပါ (၄)ဦးကို ဗယ်ဘွေနာအား လျော်ကြေး ယူရို (၈၀၀၀၀) ပေးချေရန်နှင့် တရားစရိတ် ယူရို(၁၅၀၀၀၀) ပေးဆောင်ရန် အမိန့်ချခဲ့ပြီး ဘန်ဇီမာ၏ရှေ့နေကမူ ယခု ပြစ်ဒဏ်ကို အယူခံဝင်သွားမည်ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
