တိုကျိုအိုလံပစ် မီတာ (၁၀၀) ပြေးပွဲတွင် ရွှေတံဆိပ်ဆု ဆွတ်ခူးခဲ့သူ အီတလီအပြေးသမား မာဆယ်ဂျာကော့ဘ်သည် ကမ္ဘာ့တာတိုဘုရင် ယူစိန်ဘော့အား ၎င်းနှင့်ယှဉ်ပြိုင်ရန် စိန်ခေါ်ခဲ့ကြောင်း သိရသည်။
ယူစိန်ဘော့သည် ပြီးခဲ့သည့်အပတ်က AFP သတင်းဌာနနှင့် အင်တာဗျူးပြုလုပ်ခဲ့ရာတွင် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဂျမေကာရှိ နေအိမ်တွင် စောင့်ကြည့်ခဲ့ရာ စိတ်ပျက်စရာကောင်းကြောင်း၊ မိခင်နိုင်ငံ ဂျမေကာမှ အပြေးသမားများသည် အဖတ်ဆယ်မရဖြစ်ခဲ့ပြီး အိုလံပစ်မတိုင်မီ လူသိမများသည့် ဂျာကော့ဘ်က မထင်မှတ်ဘဲ အနိုင်ယူသွားခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။
ထို့ကြောင့် ''ခင်ဗျားဟာ ကျွန်တော့်ရဲ့ သူရဲကောင်းပါ။ ချီးကျူးဂုဏ်ပြုမှုအတွက် ကျေးဇူးအရမ်းတင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားက ဒီပြိုင်ပွဲမှာသာ ယှဉ်ပြိုင်ရင် အနိုင်သေချာတယ်လို့ ပြောခဲ့တယ်နော်။ ဒါကြောင့် ကျွန်တော် စိန်ခေါ်ပါတယ်''ဟု ဂျာကော့ဘ်က လူမှုကွန်ရက်မှတစ်ဆင့် စိန်ခေါ်ခဲ့သည်။
အမေရိကန်ဖခင်နှင့် အီတလီမိခင်တို့ မှမွေးဖွားခဲ့သူ ဂျာကော့ဘ်သည် အိုလံပစ်ပြိုင်ပွဲတွင် (၉.၈၀)စက္ကန့်ဖြင့် ဗိုလ်စွဲခဲ့သူဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
