ဂျူဗင်တပ်စ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်တွင် ဖီအိုရင်တီးနားတိုက်စစ်မှူး ဗလာဟိုဗစ်ကို ပေါင်သန်း (၅၀)ဖြင့် ကမ်းလှမ်းရန် စီစဉ်နေကြောင်း အီတလီသတင်းစာ Gazzetta dello Sport က ဖော်ပြခဲ့သည်။
အသက် (၂၁)နှစ်အရွယ်ရှိ ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူး ဗလာဟိုဗစ်သည် ယခုရာသီတွင် ဖီအိုရင်တီးနားအသင်းအတွက် ခြေစွမ်းပြကစားနေပြီး စီးရီးအေ (၁၃)ပွဲတွင် (၁၀)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၂)ကြိမ် ပြုလုပ်ထားသည်။
ဗလာဟိုဗစ်သည် ဖီအိုရင်တီးနားအသင်းနှင့် ၂၀၂၃ ဇွန် (၃၀)ရက်အထိ စာချုပ်သက်တမ်းရှိနေသူဖြစ်ပြီး အသင်းဘက်က စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုများကို ငြင်းပယ်ထားကြောင်း သိရသည်။
ထို့ ကြောင့် ဥရောပထိပ်တန်းအသင်းကြီးများသည် ဗလာဟိုဗစ်ကို ခေါ်ယူရန် စောင့်ကြည့်နေကြပြီး ဂျူဗင်တပ်စ်အသင်းက လက်ဦးမှုရယူရန် စီစဉ်နေခြင်းဖြစ်သည်။
Gazzetta dello Sport ၏ဖော်ပြမှုအရ ဂျူဗင်တပ်စ်အသင်းသည် လာမည့်ဇန်နဝါရီအပြောင်းအရွှေ့စျေး ကွက်တွင် ဗလာဟိုဗစ်ကို ခေါ်ယူရန်အတွက် ဖီအိုရင်တီးနားအသင်းထံ ပေါင်သန်း (၅၀)ဖြင့် ကမ်းလှမ်းသွားရန်စီစဉ်နေကြောင်း သိရှိရသည်။
သို့ သော် ဖီအိုရင်တီးနားအသင်းသည် ဗလာဟိုဗစ်အတွက် ပေါင်သန်း(၇၀) အထိ အလိုရှိနေကြောင်း သိရသည်။
ဗလာဟိုဗစ်ကိုခေါ်ယူရန် စပါး၊ မန်စီး တီးနှင့် နယူးကာဆယ်တို့ကလည်း စိတ်ဝင်စားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
