ဘာစီလိုနာနည်းပြ ဇာဗီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် နောက်တစ်ဆင့်တက်ရေးအတွက် အုပ်စုနောက်ဆုံးပွဲစဉ်$် မြူးနစ်မြို့တွင် ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ကစားသွားမည်ဖြစ်ကြောင်း ဘင်ဖီကာနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ဘာစီလိုနာအသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က အိမ်ကွင်း နူးကမ့်တွင် ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင် ဘင်ဖီကာအသင်းကို အနိုင်ရလျှင် ရှုံးထွက်(၁၆)သင်းအဆင့်သို့ တက်ရောက်နိုင်မည်ဖြစ်သည်။
သို့သော် ဘာစီလိုနာအသင်းသည် ဘင်ဖီကာအသင်းကို အိမ်ကွင်းတွင် ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲ့သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ (၀-၀)ဂိုးဖြင့် သရေကျခဲ့သည့်အတွက် နောက်တစ်ဆင့်တက်ရန် အုပ်စုနောက်ဆုံးပွဲစဉ်အထိ ရုန်းကန်ရမည်ဖြစ်သည်။
ချန်ပီယံလိဂ်အုပ်စု (E)တွင် ပွဲစဉ် (၅)ပွဲ ကစားပြီးချိန် ဘိုင်ယန်မြူးနစ်အသင်းက (၁၅)မှတ်ဖြင့် အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်ရောက်သွားပြီဖြစ်ပြီး လက်ကျန်တစ်နေရာအတွက် ဘာစီလိုနာ(၇ မှတ်)နှင့် ဘင်ဖီကာ(၅ မှတ်)တို့ အပြိုင်လုရမည်ဖြစ်သည်။
ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်တွင် ဇယားထိပ်ဆုံးမှ ဘိုင်ယန်မြူးနစ်အသင်းကို အဝေးကွင်း ကစားရမည်ဖြစ်ပြီး ဘင်ဖီကာအသင်းမှာမူ ဇယားအောက်ဆုံးမှ ဒိုင်နမိုကိဗ်အသင်းကို အိမ်ကွင်း ကစားမည်ဖြစ်သည်။
အကယ်၍ ဘင်ဖီကာအသင်းသာ ဒိုင်နမိုကိဗ်ကို အနိုင်ရခဲ့ပါက(ဘင်ဖီကာကို Head to Head အရ ရှုံးနိမ့်ထားသည့်)ဘာစီလိုနာအနေဖြင့် နောက်တစ်ဆင့်တက်ရေးအတွက် ဘိုင်ယန်မြူးနစ်အသင်းကို မဖြစ်မနေ အနိုင်ကစားရတော့မည်ဖြစ်သည်။ ဘာစီလိုနာအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲ$ နောက်ဆုံး(၂)ကြိမ် တွေ့ဆုံရာ တွင် (၂-၈)ဂိုး၊ (၀-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မြူးနစ်တွင် အနိုင်ကစားမည်ဟု ဇာဗီက ဆိုခဲ့ခြင်းဖြစ်သည်။
ဇာဗီက ''ဘင်ဖီကာနဲ့ပွဲမှာ ဂိုးမသွင်းနိုင်လို့ အနိုင်မရခဲ့ပေမဲ့ အသင်းရဲ့ကစားပုံက ကျေနပ်စရာပါ။ ဒီပုံစံနဲ့ ဘယ်အသင်းကိုမဆို ယှဉ်နိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြူးနစ်မှာ ဘိုင်ယန်မြူးနစ်ကို အနိုင်ကစားမှာပါ။ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်ရှိတာ ကောင်းပါတယ်''ဟု ဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
