အဲဗာတန်အသင်းအားပေးသူ ပရိသတ်များသည် အသင်း၏နည်းပြဟောင်းတစ်ဦးဖြစ်သူ အန်ဆယ်လော့တီအား ဒေါသထွက်နေပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ပြစ်တင်ဝေဖန်ရေးသားခဲ့ကြသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း အန်ဆယ်လော့တီအား မီဒီယာသမားများက ရီးယဲလ်မက်ဒရစ်အသင်းအား ကိုင်တွယ်ရာတွင် ခက်ခဲသလားဟု မေးမြန်းခဲ့ကြသည်။
အန်ဆယ်လော့တီက ရီးယဲလ်နှင့်အဲဗာတန်တို့မှာ Fiat 500 ကားနှင့် Ferrari ကား မောင်းရသကဲ့သို့ ကွာခြားကြောင်း ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပြီး အဲဗာတန်အသင်းကို Fiat 500 ကားဟု ရည်ညွှန်းခဲ့ခြင်းဖြစ်သည်။
ချန်ပီယံလိဂ်ဖလား (၃)ကြိမ်ရယူထားဖူးသော အန်ဆယ်လော့တီသည် ၂၀၁၉ ဒီဇင်ဘာတွင် အဲဗာတန်အသင်းကို (၄)နှစ်ခွဲစာချုပ်ဖြင့် ရောက်ရှိလာပြီး အသင်းအား ကိုင်တွယ်ပြီး (၆)လခန့်အကြာတွင်ပင် သူ၏အသင်းဟောင်း ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့သွားခဲ့သူဖြစ်သည်။
ယင်းကဲ့သို့ အချိန်တိုအတွင်း အသင်းအား စွန့်ခွာသွားခြင်းကြောင့် မူလကတည်းကပင် အဲဗာတန်ပရိသတ်များသည် အန်ဆယ်လော့တီအား အမြင်မကြည်ခဲ့ကြပေ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
