ဘောလုံးဥပဒေစည်းမျဉ်းများကို ပြင်ဆင်ရေးဆွဲပြဋ္ဌာန်းနေသည့် နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့(IFAB)သည် ဘောလုံးပွဲများ၌ ပထမပိုင်းအပြီး အားလပ်ချိန်ကို လက်ရှိသတ်မှတ်ထားသည့် (၁၅)မိနစ်အစား (၂၅)မိနစ်သို့ ပြောင်းလဲသတ်မှတ်သွားရန် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။
အမေရိကန်နိုင်ငံတွင် နှစ်စဉ်ကျင်းပနေသော Super Bowl (အမေရိကန်ဘောလုံးပြိုင်ပွဲ)၌ ပြုလုပ်နေသည့် ပုံစံအတိုင်း ဘောလုံးပွဲစဉ်များတွင်လည်း လိုက်လံပြုလုပ်ရန် နိုင်ငံတကာဘောလုံးတာဝန်ရှိသူများက စဉ်းစားနေခြင်းဖြစ်သည်။
ပထမပိုင်းအပြီး အားလပ်ချိန်တွင် ပရိသတ်များအား ဖျော်ဖြေသည့် Halftime Show များကို Super Bowl တွင် ထည့်သွင်းလေ့ရှိပြီး ယင်းအစီအစဉ်မှာ ပရိသတ်များကို ဆွဲဆောင်နိုင်သည့်အစီအစဉ်တစ်ခု ဖြစ်သည်။
ယင်းအစီအစဉ်မျိုးကို ဘောလုံးပွဲများတွင် ထည့်သွင်းရန် တောင်အမေရိကဘောလုံးအဖွဲ့ချုပ် (CONMEBOL)က စတင်အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်ပြီး ဘောလုံးပွဲများကို ပရိသတ်စိတ်ဝင်စားအောင် ပိုမိုလှုံ့ဆော်နိုင်လိမ့်မည်ဟုလည်း CONMEBOL တာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
CONMEBOL ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပနေသော တိုက်အလိုက်ကလပ်အသင်းပြိုင်ပွဲဖြစ်သည့် ကိုပါလီဘာတာဒိုးစ်ကဲ့သို့ ပြိုင်ပွဲမျိုးတွင် ယင်းအစီအစဉ်ကို ထည့်သွင်းရန် ၎င်းတို့အနေဖြင့် ဆန္ဒပြင်းပြနေကြောင်း သိရှိရသည်။
ယင်းကဲ့သို့ အားလပ်ချိန်တွင် ပရိသတ်စိတ်ဝင်စားမည့် ဖျော်ဖြေရေးပွဲများ ထည့်သွင်းခြင်းဖြင့် ကွင်းထဲရှိပရိသတ်များကိုသာမက ရုပ်သံကြည့်ပရိသတ်များကိုပါ ဆွဲဆောင်နိုင်မည်ဖြစ်ပြီး ရုပ်သံလွှင့်ကုမ္ပဏီများအနေဖြင့် အကျိုးကျေးဇူး ပိုမိုရရှိစေမည်ဖြစ်ကြောင်း ၎င်းတို့က ပြောကြားခဲ့ကြသည်။
လက်ရှိဘောလုံးဥပဒေများအရ ပထမပိုင်းအပြီး နားနေချိန်ကို (၁၅)မိနစ်ထက် ပိုမိုသတ်မှတ်ခွင့်ရှိမည်မဟုတ်ဘဲ ၂၀၀၉ ခုနှစ်အတွင်းက ပထမပိုင်းအပြီးနားနေချိန်ကို မိနစ် (၂၀)အထိ သတ်မှတ်ရန် အဆိုပြုချက်တစ်ခုမှာလည်း မအောင်မြင်ခဲ့ပေ။
ယင်းကဲ့သို့ နားနေချိန် ပိုမိုတိုးမြှင့်ရန် အဆိုပြုသူများကမူ ယင်းကဲ့သို့ အချိန်ပိုကြာမြင့်ခြင်းကြောင့် နည်းပြများအနေဖြင့် ကစားသမားများကို ဒုတိယပိုင်းအတွက် ပြင်ဆင်ရာတွင် ပိုမိုကောင်းမွန်စေမည်ဖြစ်ကြောင်း၊ ဒုတိယပိုင်းပွဲကစားချိန်အတွက် နည်းစနစ်ပိုင်းဆိုင်ရာများကို ပိုမိုအချိန်ယူပြသနိုင်မည်ဖြစ်၍ ဘောလုံးအရည်အသွေးမှာလည်း ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။
လက်ရှိကျင်းပနေသော NFL (National Football League)ပြိုင်ပွဲတွင် ပထမပိုင်းအပြီး အားလပ်ချိန်ကို (၁၂) မိနစ်သာ သတ်မှတ်ထားသော်လည်း နောက်ဆုံးဗိုလ်လုပွဲဖြစ်သည့် Super Bowl တွင် အားလပ်ချိန်ကို မိနစ်(၃၀)အထိ သတ်မှတ်ထားကြောင်း သိရှိရသည်။
ထို့ပြင် ယင်းအားလပ်ချိန်၌ နာမည်ကြီး အနုပညာရှင်များဖြင့် ဖျော်ဖြေမှုများပြုလုပ်ရာ ရုပ်သံကုမ္ပဏီများမှာ ကြော်ငြာဝင်ငွေမြောက်မြားစွာရရှိနေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
