မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာသည် Felet Vietnam International Series ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရကြောင်း သိရသည်။
သက်ထားသူဇာသည် ယင်းပြိုင်ပွဲတွင် နိုင်ခြေအဆင့် ၁ သတ်မှတ်ခံရသော်လည်း ကွာတားဖိုင်နယ်အဆင့်ဖြင့် ကျေနပ်ခဲ့ရခြင်း ဖြစ်သည်။ သက်ထားသူဇာသည် ပထမ အဆင့်တွင် တောင်ကိုရီးယားနိုင်ငံသူ ကင်မင်ဆိုးနှင့် တွေ့ဆုံခဲ့ပြီး (၂-၁) ပွဲဖြင့် အနိုင်ရခဲ့ သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် ၁၃-၂၁ မှတ်ဖြင့် အရေးနိမ့်သော်လည်း နောက်ပွဲငယ်နှစ်ပွဲဆက်တိုက် အနိုင်ကစားခဲ့ ခြင်းဖြစ်သည်။
သက်ထားသူဇာသည် ဒုတိယပွဲငယ်တွင် ၂၁-၉ မှတ်ဖြင့် အနိုင်ရသဖြင့် တတိယပွဲငယ်မှာ အဆုံးအဖြတ်ဖြစ်လာသည်။ တတိယပွဲငယ်တွင် နှစ်ဦးစလုံး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး ၂၃-၂၁ မှတ်ဖြင့် သက် ထားသူဇာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဒုတိယအဆင့်တွင် အိမ်ရှင် ဗီယက်နမ်နိုင်ငံသူ ဘူဘီဖောင်နှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ် အနိုင်ရခဲ့သည်။ သက်ထားသူဇာသည် ယင်းပွဲတွင် လက်ရည်အသာဖြင့်ကစားကာ ပထမပွဲငယ်တွင် ၂၁-၁၁ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၁- ၁၃ မှတ်ဖြင့် အနိုင်ရ ခဲ့ခြင်းဖြစ်သည်။
သက်ထားသူဇာသည် ကွာတားဖိုင်နယ်တွင် ဂျပန်နိုင်ငံသူ ဖူရူကာဝါနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပွဲပြတ် အရေးနိမ့်သဖြင့် ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ပထမပွဲငယ်တွင် ၂၁-၁၄ မှတ်၊ ဒုတိယပွဲငယ်တွင် ၂၁-၁၆ မှတ်ဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
သက်ထားသူဇာသည် ယခုလအတွင်း ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် ဗီယက်နမ် အင်တာနေရှင်နယ်စီးရီး ကြက်တောင်ပြိုင်ပွဲ နှစ်ခုတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ နှစ်ခုစလုံး ကွာတားဖိုင်နယ်မှ ထွက်ခဲ့ရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
