Top News

PSG အသင်း၏ ဘောလုံးအကြံပေးဖြစ်သူ လူးဝစ်ကမ်ပို့စ်ကို ဘောလုံးဒါရိုက်တာအဖြစ် ခန့်အပ်ရန် ဆော်ဒီဘောလုံးအဖွဲ့ချုပ် ကမ်းလှမ်းထား
24htopnews | November 23, 2024 1:12 PM CST

 

ဆော်ဒီဘောလုံးအဖွဲ့ချုပ်သည် PSG အသင်း၏ ဘောလုံးအကြံပေးအဖြစ် ဆောင်ရွက်နေသည့် ပေါ်တူဂီလူမျိုး လူးဝစ်ကမ်ပို့စ်ကို ဘောလုံးဒါရိုက်တာအဖြစ် ခန့်အပ်ရန် ကမ်းလှမ်းထားကြောင်း သိရသည်။ 

လူးဝစ်ကမ်ပို့စ်(၆၀ နှစ်)သည် စီမံခန့်ခွဲရာတွင် ထူးချွန်သူတစ်ဦးအဖြစ် ဘောလုံးအသင်းများစွာက သတ်မှတ်ခံထားရသောသူတစ်ဦးဖြစ်သည်။

လက်ရှိအချိန်တွင် အာဆင်နယ်အသင်းကလည်း အသင်းနှင့်လမ်းခွဲသွားသည့် အားကစားဒါရိုက်တာ အီဒူး၏နေရာ၌ လူးဝစ်ကမ်ပို့စ်ကို အစားထိုးခန့်အပ်ရန် ပစ်မှတ်ထားနေကြောင်း သတင်းထွက်နေသည်။ 

ထို့ကြောင့် ဆော်ဒီဘောလုံးအဖွဲ့ချုပ်နှင့် အာဆင်နယ်အသင်းတို့ အပြိုင်ကြိုးပမ်းရဖွယ်ရှိနေပြီး PSG အသင်းကလည်း အားထားရသူတစ်ဦးဖြစ်သည့် ကမ်ပို့စ်ကို လက်လွှတ်လိုခြင်းမရှိကြောင်း သိရသည်။


READ NEXT
Cancel OK