အသင်းဟောင်း လက်စတာနှင့် ရင်ဆိုင်ရမည်ကို စိတ်လှုပ်ရှားသည်ဟု ချယ်လ်ဆီးနည်းပြ မာရက်စကာ ပြောကြား
24htopnews | November 23, 2024 1:12 PM CST
ချယ်လ်ဆီးနည်းပြ မာရက်စကာက အသင်းဟောင်း လက်စတာနှင့် ပြန်ရင်ဆိုင်ရမည်ကို စိတ်လှုပ်ရှားသည်ဟု ဝန်ခံပြောကြားခဲ့သည်။
မာရက်စကာသည် ပြီးခဲ့သည့်ရာသီတွင် လက်စတာအသင်းကို ကိုင်တွယ်ကာ ပရီးမီးယားလိဂ်သို့ တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပြီး ယခုရာသီ၌ ချယ်လ်ဆီးအသင်းကို ပြောင်းလဲကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။
၎င်းက "ကျွန်တော် သူတို့နဲ့ အဆက်အသွယ်ရှိနေတုန်းပါပဲ။ သူတို့ကို ကျေးဇူးလည်းတင်ပါတယ်။ သူတို့နဲ့ ပြန် ရင်ဆိုုင်ရမှာကိုလည်း စိတ်လှုပ်ရှားပါတယ်"ဟု ပြောကြားခဲ့သည်။
လက်စတာနှင့် ချယ်လ်ဆီးအသင်းတို့ ပရီးမီးယားလိဂ်ပွဲစဉ် ၁၂ အဖြစ် ယှဉ်ပြိုင်ကစားမည့်ပွဲကို ယနေ့ည မြန်မာစံတော်ချိန် ရးဝ၀ နာရီတွင် ကျင်းပမည်ဖြစ်သည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
