Top News

အာမိုရင်မ်လက်ထက်မှာ ဘာတွေ မြင်ရမလဲ
24htopnews | November 23, 2024 2:12 PM CST

မန်ယူအသင်းဟာ တန်ဟက်ဂ်လက်ထက် မတိုင်ခင်ကတည်းက လုပ်အားနှုန်းနဲ့ တိုက်စစ်ကစားသမားတွေကို ခံစစ်ကို ကူညီမှုကိစ္စတွေမှာ တော်တော်လေး မေးခွန်းအထုတ်ခံခဲ့ရတာပါ။ မန်ယူအသင်းအနေနဲ့ ဘယ်လိုရည်ရွယ်ချက်နဲ့ အာမိုရင်မ်ရဲ့ပထမဆုံး Training Session ဗီဒီယိုကို ထုတ်ပြခဲ့တာလဲတော့ မသိပါဘူး။ ဒါပေမဲ့ သေချာတာကတော့ အဲဒီဗီဒီယိုကို ထုတ်ပြတာဟာ စိတ်ကူးတစ်ခု ရှိနေတာကတော့ သေချာပါတယ်။ အခုဗီဒီယိုမှာတော့ မန်ယူကစားသမားတွေအနေနဲ့ ဘောလုံးပိုင်ဆိုင်မှုကို ဦးစားပေးပြီး ပြေးလွှားကစားတာကို ပိုမြင်လာရတယ်။ အာမိုရင်မ် အချက်ပြလိုက်တာနဲ့ ဘောလုံးဆုံးရှုံးသွားတဲ့အချိန်မှာ ကစားသမားတွေရဲ့ ဘောလုံး ပြန်လည်ရယူဖို့ ကြိုးစားမှုနဲ့ တန်ပြန်တိုက်စစ်ကစားချိန်မှာ ကစားသမားတွေရဲ့ မြန်နှုန်းမြှင့်ပြေးလွှားမှုတွေကို မြင်တွေ့ရတယ်။ အာမိုရင်မ်ရဲ့ ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်မှာပဲ မန်ယူကစားသမားတွေက အရင်ကထက် တာတိုအမြန်ပြေးလွှားမှု သိသိသာသာတိုးတက်လာတယ်။ အဲဒါက အာမိုရင်မ်ရဲ့လက်ထက်မှာ ပြောင်းလဲလာမယ့် မန်ယူအသင်းရဲ့ကစားပုံဖြစ်နိုင်ပါတယ်။ 


READ NEXT
Cancel OK