ရုရှားသည် မြောက်ကိုရီးယားကို လေယာဉ်ပစ်ဒုံးကျည်များ ပေးပို့ခဲ့ကြောင်း တောင်ကိုရီးယား ထိပ်သီးလုံခြုံရေး အကြံပေးပုဂ္ဂိုလ်က နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်း မြောက်ကိုရီးယားက ရုရှားကို စစ်သားများ စေလွှတ်ကူညီပေးမှုအတွက် အပြန်အလှန်အနေဖြင့် ရုရှားက ထိုဒုံးကျည်များကို မြောက်ကိုရီးယားကို ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြောက်ကိုရီးယားသည် ယူကရိန်းကို တိုက်ခိုက်နေသည့် ရုရှားကို ကူညီပေးရန် စစ်သား ၁၀၀၀၀ ကျော်စေလွှတ်နေကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က စွပ်စွဲခဲ့သည်။
မြောက်ကိုရီးယားသည် စစ်သားများ စေလွှတ်မှုအတွက် အပြန်အလှန်အနေဖြင့် ရုရှားထံမှ လက်ခံရရှိသည့် အရာများရှိ၊မရှိ မေးမြန်းခံရချိန်တွင် တောင်ကိုရီးယား ထိပ်သီးလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရှင်းဝမ်ဆစ်က “အဲဒါတွေက လေယာဉ်ပစ်ဒုံးကျည်တွေလို့ သိရပါတယ်။ မြောက်ကိုရီးယားရဲ့ အားနည်းတဲ့ လေကြောင်း ကာကွယ်ရေးစနစ်ကို အဲဒီဒုံးကျည်တွေနဲ့ အားဖြည့်ဖို့ ရည်ရွယ်ထားပါတယ်”ဟု ဖြေကြားခဲ့သည်။
မြောက်ကိုရီးယားသည် မေ ၂၇ ရက်က ဂြိုဟ်တုလွှတ်တင်မှု မအောင်မြင်ဘဲ ပျက်ကျခဲ့ပြီးနောက်ပိုင်း များပြားသည့် စီးပွားရေး အကူအညီများရရှိခဲ့ကြောင်း ရှင်းက ဒေသခံရုပ်သံ SBS ကို ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် စစ်သားများ စေလွှတ်ပေးမှုအတွက် ထောက်လှမ်းရေး ဂြိုဟ်တုများမှအစ ရေငုပ်သင်္ဘောများအဆုံး ကျယ်ပြန့်သည့် စစ်ရေးနည်းးပညာများကို ရရှိရန် ရည်မှန်းထားပြီး ရုရှားထံမှ လုံခြုံရေး အာမခံချက်များလည်း ရယူလိုကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ဇွန်လအတွင်းကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့သည် ပြုံယမ်းမြို့တော်တွင် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။
မကြာသေးမီကလည်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုးဆွန်ဟွေးသည် မော်စကိုသို့ သွားရောက်ခဲ့ပြီး ယူကရိန်းစစ်ပွဲတွင် အောင်ပွဲရသည်အထိ မိမိတို့ရုရှားရဲဘော်များဘက်မှ ရပ်တည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
