ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းကို ပစ်လွှတ်ခဲ့သော စမ်းသပ်ဆဲဟိုက်ပါဆောနစ်ဒုံးကျည်ကို ပိုမိုပစ်လွှတ်မည်ဟု နိုဝင်ဘာ ၂၂ ရင်တွင်ကတိပြု ပြောကြားခဲ့ရာ ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ခြိမ်းခြောက်မှုအသစ်ကို ရင်ဆိုင်ရေးအတွက် ခေတ်နှင့်အညီမွမ်းမံထားသော လေကြောင်းကာကွယ်ရေးစနစ်များပေးရန် မဟာမိတ်များကိုမေတ္တာရပ်ခံခဲ့သည်။
အရှိန်မြင့်တက်လာသော ဒုံးကျည်တိုက်ခိုက်မှု စိုးရိမ်စိတ်များကြောင့် ယူကရိန်းလွှတ်တော်ကို ပိတ်လိုက်ရပြီးနောက် နာရီပိုင်းအတွင်း ပူတင်နှင့် ဇယ်လန်းစကီးတို့၏ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ရုရှားက ယူကရိန်းမြို့ နီပရိုကို ဒုံးကျည်အသစ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ပူတင်က အိုရီရှနစ် ဒုံးကျည်အသစ် နောက်ထပ် စမ်းသပ်မှုများကို လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
"ကျွန်တော်တို့ဟာ စစ်မြေပြင် အခြေအနေတွေအပါအဝင် ရုရှားနိုင်ငံကို သက်ရောက်လာတဲ့အခြေအနေနဲ့လုံခြုံရေးခြိမ်းခြောက်မှု သွင်ပြင်လက္ခဏာတွေအပေါ်မူတည်ပြီး အဲဒီစမ်းသပ်မှုတွေကို ဆက်လုပ်သွားမှာဖြစ်ပါတယ်"ဟု စစ်ဘက်အကြီးအကဲများနှင့်အစည်းအဝေးတွင် ပူတင်ကပြောကြားခဲ့သည်။ ထိုအစည်းအဝေးကို ရုပ်သံထုတ်လွှင့်ပေးခဲ့သည်။
ရုရှားက စမ်းသပ်ဆဲဒုံးကျည်သစ်ကို ဆက်တိုက်ထုတ်လုပ်မှုလည်း စတင်မည်ဟု၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးက ခြိမ်းခြောက်မှုအသစ်ကို တန်ပြန်ရေးအတွက် ခေတ်နှင့်အညီမွမ်းမံထားသော လေကြောင်းကာကွယ်ရေးစနစ်များကို ၎င်း၏မဟာမိတ်နိုင်ငံများထံမှ မျှော်လင့်နေကြောင်း နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။
ပဲ့ထိန်းဒုံးကျည်ကို ပစ်လွှတ်ခဲ့ကြောင်း ရုရှားကအတည်ပြုခဲ့ပြီးနောက် စစ်ပွဲတွင် တည်တည်ငြိမ်ငြိမ်ရှိရေး၊ သည်းခံရေးတိုကိုနိုဝင်ဘာ ၂၂ ရက်စောစောပိုင်းတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်းတောင်းဆိုခဲ့သည်။
"အဲဒါဟာရုရှားဘက်ကပါတဲ့ကမ္ဘာ့တောင်ခြမ်းနိုင်ငံတွေဖြစ်တဲ့ တရုတ်လို နိုင်ငံတွေရဲ့မထီလေးစား သဘောထားဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတွေရဲ့ခေါင်းဆောင် အချို့ဟာ သည်းခံကြပါဆိုပြီး ထပ်တလဲလဲတောင်းဆိုနေကြတာဖြစ်ပါတယ်"ဟု ဗီဒီယို မိန့်ခွန်းတွင် ဇယ်လန်းစကီးက ပြောကြားခဲ့သည်။
■Ref:AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
