စက်သုံးဆီများမှာ ယခုလကုန်ထိ လုံလောက်စွာရှိပြီး ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများလည်း ယခုလကုန်ပြီး မကြာမီဆက်တိုက်ဝင်ရောက်လာမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
သြဂုတ် ၁၆ ရက်က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေးတွင် နစကဥက္ကဌက စက်သုံးဆီနှင့်ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်သုံးဆီနှင့်ပတ်သက်၍ ယခုလကုန်အထိ လုံလောက်စွာရှိပြီးဖြစ်ကြောင်း၊ ဝယ်ယူထားပြီးဖြစ်သည့် စက်သုံးဆီတင် သင်္ဘောများလည်း မကြာမီဆိုက်ရောက်မည်ဖြစ်ကြောင်း၊ ထို့ပြင်ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် စက်သုံးဆီများ ယခုလကုန်ပြီး မကြာမီဝင်ရောက်လာမည်ဖြစ်ကာ ဆက်တိုက်ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ရန်မလိုကြောင်း၊ စက်သုံးဆီဈေးနှုန်းပတ်သက်၍ ကုန်သည်များ ဈေးကစားနေခြင်းသာဖြစ်ကြောင်း၊ သတ်မှတ်ချက်အတိုင်း ရောင်းချပေးရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ပြောကြားသည်။
သီလဝါဆိပ်ကမ်းတွင် 92၊ 95၊ Premium Diesel နှင့် Deisel ဂါလန်ပေါင်း ၁၃ သိန်းခန့် ချနေပြီး ရက်ပိုင်းအတွင်း စက်သုံးဆီသင်္ဘော ၁၂ စင်းခန့် ထပ်မံဝင်ရောက်မည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားသည်။
စက်သုံးဆီစျေးနှုန်းများမှာ ဆက်လက်မြင့်တက်နေပြီး သြဂုတ် ၁၆ ရက်တွင် ရောင်းချခဲ့သည့် စက်သုံးဆီစျေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၃၆၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၄၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၇၈၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၇၀၀ ကျပ်တို့ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
