စက်သုံးဆီစျေးနှုန်း ဆက်လက်မြင့်တက်နေပြီး ယခင်ရက်များထက် တစ်လီတာလျှင် ကျပ် ၅၀ ကျော် မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
သြဂုတ် ၁၆ ရက်တွင် ရောင်းချခဲ့သည့် စက်သုံးဆီစျေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၃၆၅ ကျပ်၊ ၉၅ တစ်လီတာလျှင် ၂၄၄၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၇၈၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၇၀၀ ကျပ်တို့ဖြစ်သည်။
အမြင့်စျေးတွင် နှစ်ရက်တာငြိမ်သက်ခဲ့သည့် စက်သုံးဆီစျေးမှာ သြဂုတ် ၁၆ ရက်တွင် ကျဆင်းခြင်းမရှိ ဘဲ ဆက်လက်မြင့်တက်ခဲ့ပြီး တစ်လီတာလျှင် ပျမ်းမျှ ကျပ် ၅၀ သို့ မြင့်တက်လာခြင်းဖြစ်သည်။
သြဂုတ် ၁၅ ရက်တွင် ရောင်းချခဲ့သည့် စျေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၂၃၂၀ ကျပ်၊ ၉၅ တစ်လီတာ လျှင် ၂၃၉၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၇၃၀ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာလျှင် ၂၆၅၅ ကျပ်တို့ဖြစ် သည်။
သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီဂါလန်ပေါင်း ၁၃ သိန်းခန့် ချနေပြီး ရက်ပိုင်းအတွင်း စက်သုံး ဆီသင်္ဘော ၁၂ စင်းခန့် ထပ်မံဝင်ရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားထားသည်။
“ ကျွန်တော်တို့ အနေနဲ့ကတော့ ကမ္ဘာမှာ စက်သုံးဆီစျေးနှုန်းတွေကတော့ သူ့ရဲ့စျေးနှုန်းတွေအတိုင်း ပဲ တက်နေတာတွေ ရှိတယ်။ နိုင်ငံတော် အ စိုးရအနေနဲ့ကတော့ ပြည်သူလူထုကို ကျွန်တော်တို့စက်သုံးဆီနဲ့ ပတ်သက်ပြီး သက်သာ စွာ ဝယ်ယူသုံးစွဲနိုင်အောင် စီစဉ်ပေးလျက်ရှိ တယ်။ ကျွန်တော်တို့ တတ်နိုင်တဲ့ အပိုင်းဖြစ်တဲ့ အခွန်လျှော့ပေါ့တာတို့၊ စက်သုံးဆီတင်သွင်း နိုင်ဖို့အတွက် နိုင်ငံခြားငွေရောင်းချပေးတာ တွေ ကျွန်တော်တို့ ဒါအဆက်မပြတ်ဆောင် ရွက်ပေးလျက်ရှိတယ်” ဟု ၄င်းကပြောကြားသည်။
ထို့ပြင် ကောလာဟလ သတင်းများ ထုတ်လွှင့်ခြင်းမပြုရန် သတိပေးထားကြောင်း၊ ထိုသို့ဖြစ်ပေါ် လာသည့်အကြောင်းရင်းမှာ သြဂုတ် ၁၃ ရက်တွင် စက်သုံးဆီများ ပြတ်လပ်ပြီဟုဆိုကာ ကောလာဟလ ထုတ်လွှင့်မှုများရှိခဲ့ကြောင်း၊ အဓိကအားဖြင့် မန္တလေးမြို့တွင် သြဂုတ် ၁၄ ရက်၌ ကုမ္ပဏီကြီးများ၏ စက်သုံးဆီဆိုင်များတွင် စုပြုံ၍ ဝယ်ယူခြင်းများဖြစ်လာကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
သြဂုတ် ၇ ရက်တွင် အနိမ့်ဆုံးစျေးနှုန်းဟုဆိုနိုင်သည့် စက်သုံးဆီစျေးနှုန်းများမှာ ၉၂ တစ်လီတာ ၁၆၁၅ ကျပ်၊ ၉၅ တစ်လီတာ ၁၆၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၀၂၅ ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ ကျပ် ၁၉၇၀ ဖြစ်သည်။
စက်သုံးဆီစျေးနှုန်းများမှာ ဗဟိုဘဏ်က ငွေလဲနှုန်း တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ်သို့ တိုးမြှင့်သတ်မှတ် လိုက်ပြီး နောက်တွင် စျေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်သည်။ သြဂုတ် ၅ ရက်တွင် ဗဟိုဘဏ်က ငွေလဲနှုန်းကို ကျပ် ၂၁၀၀ သို့ တိုးမြှင့်လိုက်ရာ လေးလကျော်ကြာ သတ်မှတ်ထားသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းကိုပြောင်းလဲ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။
စက်သုံးဆီကို သီရိလင်္ကာနိုင်ငံကြားခံ၍ တရုတ်နိုင်ငံမှ တင်သွင်းခြင်းမဟုတ်ဘဲ စင် ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံနှင့် ကိုရီးယားနိုင်ငံ တို့မှ အဓိကတင်သွင်းနေခြင်းဖြစ်သည်။ ပြည်တွင်းသုံးစွဲမှုအတွက် ပြည်ပမှ ရာခိုင်နှုန်း ၉၀ ခန့်တင်သွင်းနေရပြီး ၁၀ ရာခိုင်နှုန်းခန့်သာ ပြည်တွင်းမှ ထုတ်လုပ်နိုင်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
