ပခုက္ကူကြက်သွန်နီစျေးကွက်အတွင်း သြဂုတ်လတတိယပတ်တွင် ကုန်ဝင်နည်းပါး ခြင်းနှင့် ဝယ်လိုအား များပြားခြင်းတို့ကြောင့် စျေးနှုန်းထပ်မံမြင့်တက်နေပြီး အမြင့်ဆုံးတစ် ပိဿာလျှင် ကျပ် ၂၀၀၀ ကျော် ပေါက်စျေးရှိ ကြောင်း သိရသည်။
ပခုက္ကူကြက်သွန်နီစျေးကွက်တွင် သြ ဂုတ်လပထမပတ်တွင် တစ်ပိဿာ ကျပ် ၁၇၀၀၊ ဒုတိယပတ်တွင် တစ်ပိဿာ ကျပ် ၂၀၀၀ နှင့် တတိယပတ်တွင် တစ်ပိဿာလျှင် ကျပ် ၂၄၀၀ ပေါက်စျေးရှိပြီး စျေးနှုန်းဆက်တိုက်မြင့်တက် လာခြင်းဖြစ်ကြောင်း သိရသည်။
ပခုက္ကူကြက်သွန်စျေးကွက်သို့ ပိဿာ ချိန် ၃၃၀၀၀ ခန့် ဝင်ရောက်သည့် သြဂုတ် ၁၆ ရက် စျေးကွက်တွင် ဂျွန်သေးတစ်ပိဿာ ကျပ် ၁၃၀၀ -၁၆၀၀၊ ဂျွန်လတ်တစ်ပိဿာ ကျပ် ၁၇၀၀ -၂၀၀၀ နှင့် ဂျွန်ကြီးတစ်ပိဿာ ကျပ် ၂၁၀၀-၂၄၀၀ ပေါက်စျေးရှိကြောင်း သိရ သည်။
“ပြီးခဲ့တဲ့ ဇူလိုင်အကုန်ထိ တစ်ပိဿာ ကျပ် ၁၇၀၀ လောက် ရောင်းနေကြတာ။ စျေး တက်သွားလိုက် အဝယ်နည်းလို့ စျေးပြန်ချ ရောင်းလိုက်ပဲ။ ဒီလထဲမှာတော့ အဝယ်များ တယ်။ စျေးတက်လည်း အဝယ်က ရပ်မသွား ဘူး။ ပိဿာချိန်လေးသောင်းဆိုလည်း ကုန် တယ်၊ ငါးသောင်းဆိုလည်း အရောင်းအဝယ် ဖြစ်တယ်။ တစ်ပတ်ကို တစ်ပိဿာ ၃၀၀ ကျော် ၄၀၀ ကျပ်လောက် ပုံမှန်တက်တယ်။ လက်ရှိ လည်း အဝယ်အား ကောင်းတုန်းပါပဲ။ လက် ကျန်ရှိတဲ့တောင်သူက အကျိုးအမြတ်ရပါ တယ်” ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ် ရေးလုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
ပခုက္ကူစျေးကွက်မှ ကြက်သွန်နီကို နယ် စုံမှ အဓိကဝယ်ယူနေကြောင်း သိရပြီး ပခုက္ကူ နှင့် ပေါက်မြို့နယ်ရှိ ကြက်သွန်စိုက်တောင်သူ အချို့တွင် ရောင်းချရန် ကြက်သွန် လက်ကျန် များရှိနေသော်လည်း နယ်မြေမတည်ငြိမ်မှု ကြောင့် လာရောက်ရောင်းချနိုင်ခြင်း မရှိသေး ကြောင်း သိရသည်။
လက်ရှိဖြစ်ပေါ်နေသည့် စျေးနှုန်းများ ကြောင့် လာမည့်အောက်တိုဘာလတွင် စိုက် ပျိုးမည့် ကျွန်းကြက်သွန်တွင် လုပ်ကိုင်သူများ ပြားလာနိုင်ကြောင်း တောင်သူများထံမှ သိရ သည်။ သက်ထိန်ဝင်း
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
