မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ကလော့ ကျေးရွာအုပ်စု အပြိုင်ကျေးရွာတွင် သြဂုတ် ၁၆ ရက် နံနက် ၈ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေ အိမ်ခြောက်လုံး ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“အိမ်တစ်လုံးက လုံးဝပြိုကျသွားတယ်။ နောက်နှစ်လုံးက ယိုင်နဲ့သွားတယ်။ နောက် ထပ်အိမ်နှစ်လုံးက အမိုးလန်ပြီးတော့ ယိုင်နဲ့ သွားတယ်။ နောက်ထပ်အိမ်တစ်လုံးကတော့ အမိုးတွေပျက်စီးသွားတယ်” ဟု ဒေသခံတစ် ဦးက ပြောကြားသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီး သွားသည့်နေအိမ်များအား မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကယ်ဆယ်ရေး အဖွဲ့များနှင့် ဒေသခံများက ဝိုင်းဝန်းရှင်းလင်း ပေးခဲကြောင်း၊ လေဘေးသင့်သူများအား အ ပြိုင်ကျေးရွာ ရွာလယ်ပိုင်းရှိ ဓမ္မာရုံတွင် ခေတ္တ နေရာချထားကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။
အလားတူ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီမြို့ တွင်လည်း သြဂုတ် ၁၆ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် နေအိမ်တချို့ ပျက်စီးခြင်းများရှိခဲ့ ကြောင်း သိရသည်။ သြဂုတ် ၁၅ ရက် ညပိုင်း မှစတင်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မွန်ပြည်နယ် အနှံ့ရေကြီးရေလျှံမှုဖြစ်ပွားနေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
