နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေ ကျပ်ဘီလျံ ၄၀၀ သည် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ရန်ပုံငွေများဖြစ်ပြီး ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေခြင်း မရှိကြောင်း နိုင်ငံတော်အစီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ၊ ပြန်ကြားရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နေပြည်တော်တွင် သြဂုတ် ၁၇ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် နစကပြောရေုးဆိုခွင့်ရှိသူက ထိုသို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
“ဒီကျပ်ဘီလျံ ၄၀၀ ကို ဒါ ငွေစက္ကူအသစ်တွေ ရိုက်နှိပ်ထုတ်ဝေတာတို့၊ ဒီဟာကို ငွေကြေးဖောင်းပွအောင် လုပ်တာတို့ စွပ်စွဲနေတာကို ကျွန်တော်တို့ အံ့သြဖွယ် သိရှိရပါတယ်။ ကျွန်တော်တို့ ပြောချင်တာကတော့ ဒီကျပ်ဘီလျံ ၄၀၀ ဆိုတာသည် ဒါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် သီးသန့်ထားရှိခဲ့တဲ့ ယခင်ကတည်းကတိုင် သီးသန့်ထားရှိခဲ့တဲ့ ငွေများဖြစ်ကြောင်းနဲ့ ဒါကို အကျိုးရှိရှိ အသုံးချနိုင်ရေး ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ဖြစ်ကြောင်း ပြောကြားလိုပါတယ်”ဟု နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
သြဂုတ် ၁၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့ပြီး အဆိုပါ အခမ်းအနား ပြုလုပ်ရခြင်းသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
“ကျွန်တော်တို့ အစိုးရအနေနဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ရန်ပုံငွေ ကျပ် ၄၉၁ ဘီလျံ ဒါ အသင့်ထားရှိ ပြင်ဆင်ထားပါတယ်။ အဲဒီငွေတွေကို ဒီအတိုင်းထားပြီးတော့ကျ ဒါ ငွေတွေအိပ်နေမယ့်အစား ပြည်သူလူထုရဲ့ လူမှုစီးပွားဘဝ အထိရောက်ဆုံးနဲ့ အမြန်ဆုံး မြင့်တင်နိုင်ဖို့အတွက် ကျပ်ဘီလျံ ၄၀၀ ကို နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ပြီး အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်”ဟု နစက ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလျံ ၄ဝဝ မှ ဘီလျံ ၃၃၀ အား ဝန်ကြီးဌာနနှစ်ခုနှင့် မြစိမ်းရောင် စီမံကိန်းများဆောင်ရွက်ရန် ပြည်နယ်ခုနှစ်ခု၊ တိုင်းဒေသကြီးတစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်တွင် သြဂုတ် ၁၂ ရက်က ပြုလု်ပခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ကျပ်ဘီလျံ ၄ဝဝ မှ ရန်ပုံငွေ လွှဲအပ်မှုအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ ၁၇၀ ဘီလျံ၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသို့ ၆၀ ဘီလျံ၊ မြစိမ်းရောင် စီမံကိန်းများ ဆောင်ရွက်နိုင်ရန် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် တို့သို့ ပြည်နယ်တစ်ခုလျင် ၁၀ ဘီလျံ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီး တစ်ခုလျင် ရှစ်ဘီလျံ၊ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့နှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့သို့ ဒေသတစ်ခုလျင် ငါးဘီလျံ စသည်ဖြင့် လွှဲအပ်ပေးခဲ့ပြီး စုစုပေါင်း ကျပ်ဘီလျံ ၃၃၀ ဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
