Photo - ကိုဇော်မင်း (မိုးချယ်ရီ)
ပေါင်မြို့နယ် အလှပ်ကျေးရွာတွင် ဩဂုတ် ၁၆ ရက် မွန်းလွဲ (၂) နာရီ (၃၀) မိနစ်အချိန်ခန့်က လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ကျေးလက်ကျန်းမာရေးဌာနဆေးပေးခန်းနှင့် လူနေအိမ် (၁၀) ခန့် အမိုးလန်ပျက်ဆီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ (ဩဂုတ်လ (၁၆) ရက်) က အလှပ်ကျေးရွာအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အပြင် လေပြင်းများလည်းတိုက်ခတ်ခဲ့ကြောင်း၊ ထို့အပြင် လေဆင်နှာမောင်းပါကျခဲ့သည့်အတွက် ကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန အဆောက်အဦးရှိ သွပ်အမိုးများပျက်ဆီးခဲ့သည့်အပြင် လူနေအိမ် (၁၀) လုံးခန့်မှာလည်း အမိုးလန်ပျက်ဆီးခြင်း၊ အမိုးဒိုင်းများ ပျက်ဆီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။
"မနေ့ကတော့ မိုးရော၊ လေရော၊ လေဆင်နှာမောင်းရောဆိုတော့ အမိူလန်ပျက်ဆီးသွားတဲ့ အိမ်တွေက လူတွေတော်တော်လေး ဒုက္ခရောက်ခဲ့ကြရတယ်။ လေဘေးသင့် မိသားစုတွေတော့ လောလောဆယ် နီးစပ်ရာဆွေမျိုးအိမ်တွေမှာနေနေကြတယ်လို့ သိရတယ်" ဟု ၎င်းဒေသခံက ဆက်လက်ပြောကြားသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်ဆီးခဲ့သည့် လူနေအိမ်များနှင့် ကျေးလက်ကျန်းမာရေးဌာန ဆေးပေးခန်းတို့အား မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတလူမှုကူညီကယ်ဆယ်ရေးအဖွဲ့များ နှင့် ဒေသခံပြည်သူများမှ ဝိုင်းဝန်းရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ (၂၄) ရက်ကလည်း ပေါင်မြို့နယ် အလှပ်ကျေးရွာအတွင်း လေဆင်နှာမောင်းတိုက်ခတ်ခဲ့သည့်အတွက် သာသနိကအဆောက်အဦးများ၊ စာသင်သင်ကျောင်းနှင့် လူနေအိမ် (၉၀) ကျော်မှာ အမိုလန်ပျက်ဆီးခြင်း နှင့် နေအိမ်တချို့ ပြိုကျပျက်ဆီးခြင်းများ ဖြစ်ပွားခဲ့ဖူးသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
