ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို တရားဝင်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်နိုင်ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တစ်ရက်အတွင်း ကျပ်ငွေဖြင့် လဲလှယ်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် သြဂုတ် ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ် ပြန်ခဲ့သော ရည်ညွှန်းချက်ပါ အမိန့်ကြော်ငြာ စာအမှတ်(၃၆/၂၀၂၂)အရ ပို့ကုန်တင်ပို့သူများသည် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ရာခိုင်နှုန်းကိုသာ အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂)ပါ သတ်မှတ်ချက်များနှင့်အညီ မြန်မာကျပ်ငွေဖြင့် လဲလှယ်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါသည်။
ကျန်ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းကို ပို့ကုန်တင်ပို့သူအနေဖြင့် မိမိကိုယ်တိုင်အတွက် AD လိုင်စင်ရဘဏ် မဟုတ်သော အခြားသူများထံသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
သို့ဖြစ်ပါ၍ နိုင်ငံခြားသုံးငွေရောင်းဝယ် ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေဖြင့် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားသည့် ပို့ကုန်တင်ပို့သူများ၏ ပို့ကုန်ရငွေနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဆောင်ရွက်ရန် ညွှန်ကြားထားသည်။
ပို့ကုန်တင်ပို့သူ၏ ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်းအား အလုပ်လုပ်ရက် တစ်ရက်အတွင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ဝယ်ယူရန်၊ ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအား ၎င်းကိုယ်တိုင်အတွက်သုံးစွဲခြင်း ၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းစသည့် Transaction များကို ဆောင်ရွက်ပေးရန် ညွှန်ကြားထားသည်။
ထို့ပြင် ပို့ကုန်တင်ပို့သူများထံမှ ပို့ကုန်ရငွေလွှဲပြောင်းရယူထားသည့် ကုမ္ပဏီ၊အဖွဲ့ အစည်း၊လူပုဂ္ဂိုလ်များသည် ၎င်းတို့ လွှဲပြောင်း ရယူထားသည့် ပို့ကုန်ရငွေကို မိမိကိုယ်တိုင် အတွက်သုံးစွဲခြင်းနှင့် AD လိုင်စင်ရဘဏ်များသို့ ပြန်လည်ရောင်းချခြင်းကိုသာ ဆောင်ရွက်ရန် ညွှန်ကြားထားသည်။
ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအား ၎င်းကိုယ်တိုင်အတွက် သုံးစွဲခြင်း ၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူ များထံသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းစသည့် Transaction များနှင့် ပို့ကုန်တင်ပို့သူများထံမှ ပို့ကုန်ရငွေလွှဲပြောင်းရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များသည် ၎င်းတို့လွှဲပြောင်းရယူထားသည့် ပို့ကုန်ရငွေကို မိမိကိုယ်တိုင်အတွက်သုံးစွဲခြင်းနှင့် AD လိုင်စင်ရဘဏ်များသို့ ပြန်လည်ရောင်းချခြင်းကိုသာရောင်းချခြင်း စသည်တို့ကို ရက်ပေါင်း (၃၀) အတွင်း ဆောင်ရွက်ရမည်ဖြစ်ပြီး ရက်ပေါင်း ၃၀ ပြည့်ပြီး သုံးစွဲမှုမရှိသော ကျန်ငွေကို AD လိုင်စင်ရဘဏ် များသို့ ရောင်းချရန် ညွှန်ကြားထားသည်။
ထိုသို့ဆောင်ရွက်သော cross-border transaction များအား နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ အတည်ပြုချက် ရယူဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
