Photo News -
ရန်ကုန်မြို့တွင် သြဂုတ် ၁၆ ရက် ညဦးပိုင်းမှစတင်ကာ အဆက်မပြတ်ရွာသွန်းခဲ့သည့် မိုးကြောင့် သြဂုတ် ၁၇ ရက် နံနက်တွင် အလုပ်သွားလာသူများမှာ အခက်တွေ့ခဲ့ရပြီး မွန်းလွဲပိုင်းတွင် မိုးရွာသွန်းမှု မရှိတော့သော်လည်း လမ်းများတွင် ရေများ ကျန်ရှိနေသေးကြောင်း မြို့ခံများ၏ ပြောကြားချက်အရ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့နယ်အများစုတွင် ရေနစ်မြုပ်၊ မော်တော်ယာဉ်လမ်းကြောပိတ်မှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရန်ကုန်မြို့နယ်အများစုတွင် ရေနစ်မြုပ်၊ မော်တော်ယာဉ်လမ်းကြောပိတ်မှုများဖြစ်ပွားပြီး ရေဘေးဒုက္ခသည်အချို့ကို လူမှုကူညီရေးအသင်းများမှ ထမင်းထုတ်များ ပေးဝေခဲ့ရကြောင်း ရန်ကုန်မြို့ခံများ၏ ပြောကြားချက်များအရ သိရသည်။
" ညကတည်းကရွာနေတာ တောက်လျှောက်ဆိုတော့ အကုန်ရေမြုပ်နေပြီ။ မနက်အိပ်ယာကနိုးတော့ အိမ်ထဲရေရောက်နေတယ်" ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောကြားသည်။
ရန်ကုန်တိုင်းရှိ သာကေတ၊ မြောက်ဒဂုံ၊ အင်းစိန်၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ တောင်ဥက္ကလာပ၊ တောင်ဒဂုံ၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင် အစရှိသည့်မြို့နယ်များတွင် ရေကြီးနေမှုကြောင့်သွားလာရေးအခက်တွေ့နေကြောင်း သိရသည်။
" မေတ္တာညွန့် ဒဂုံလွင်လမ်းက ချောင်းဖြစ်နေပြီ။ စျေးသည်တွေအခက်တွေ့နေပြီ" ဟု လူမှုကွန်ရက်သုံးစွဲသူတစ်ဦးကပြောကြားသည်။
သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်း အသင်းတိုက်မီးပွိုင့်တွင် ရေကြီးရေလျှံမှုကြောင့် ယာဉ်ကြောများပိတ်ဆို့ခဲ့ပြီး ယာဉ်ထိန်းတပ်ဖွဲ့ဝင်များမှ ယာဉ်ကြောရှင်းလင်းမှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။
" ဝေဇယန္တာလမ်း အသင်းတိုက်မီးပွိုင့်မှာ ရေတွေကြီးလို့ ကားတွေအရမ်းပိတ်တာ။ဝေဇယန္တာလမ်းမှာလည်း ရေတွေကြီးတာ။ ဘယ်ကားမှ သွားလို့မရဘူး။ တစ်နေရာနဲ့ တစ်နေရာသွားဖို့ကို တစ်နာရီလောက်ကြာတယ်" ဟု သင်္ဃန်းကျွန်းမြို့နယ်နေသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။
" တောင်ဥက္ကလာထဲက အရင်တည်းက မိုးရွာတာနဲ့ ရေကြီးတာ။အခုက ပိုဆိုးတယ်။ ရပ်ကွက်တော်တော်များများမှာ ရေကြီးတာ။ အိမ်ထဲထိပါ ရေတွေဝင်တယ်။ နေ့လည်လောက်ထိကို ရေက ပြန်မကျဘူး" ဟုတောင်ဥက္ကလာပမြို့နယ်နေသူတစ်ဦးက ပြောကြားသည်။
မိုးရွာသွန်းမှုကြောင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ MCC အနီးနှင့် သမိုင်းလမ်းဆုံတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။
" MCC ရှေ့မှာ ရေကြီးတာ။ တစ်ချို့ကားတွေဆို ရေဝင်လို့ ကားပျက်သွားတယ်။ သမိုင်းလမ်းဆုံဘက်လည်း ရေကြီးတယ်။ အရင်ကထက် ကားတွေပိုပိတ်တာပေါ့" ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေအားအလွန်ကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားအသင့်အတင့် ရှိနေကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ပဲခူးတိုင်းဒေသကြီးတွင်နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းကြီးကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိတိုက်ခတ်နိုင်ကြောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီးလှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်ဟု မိုးဇလက ထုတ်ပြန်သည်။
လှိုင်းအမြင့်မှာမြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၁)ပေခန့်နှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ခြောက်ပေမှ ကိုးပေခန့် ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
