စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ဧရာဝတီတံတား (ရတနာပုံ) စစ်ဆေးရေးဂိတ် အပြန်အလှန်ပစ်ခတ်မှု အတွင်း PDF နှစ်ဦးနှင့် ခရီးသည် နှစ်ဦး သေဆုံးပြီး ခရီးသည် ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နေပြည်တော်တွင် သြဂုတ် ၁၇ ရက်က ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၉ ကြိမ်မြောက် သတင်းစာရှင်လင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
သြဂုတ် ၁၇ ရက် နံနက် ၈ နာရီ ၂၅ မိနစ်တွင် ရန်ကုန်-မုံရွာ ပြေးဆွဲလျက်ရှိသည့် အာကာသခရီးသည်တင်မော်တော်ယာဉ်(Express) တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ ယင်းယာဉ်ပေါ်တွင်လိုက်ပါလာသည့် PDF သုံးဦးက လက်နက်ငယ်များဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါပစ်ခတ်တိုက်ခိုက်မှုတွင် PDF နှစ်ဦးကို အသေဖမ်းဆီးရမိပြီး တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကာ ပစ္စတို သုံးလက် သိမ်းဆည်းရမိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယင်းဖြစ်စဉ်တွင် ခရီးသည် အမျိုးသားတစ်ဦး သေဆုံးခဲ့သလို အမျိုးသမီးတစ်ဦးမှာလည်း ယာဘက်ခြေသလုံး ထိမှန်ဒဏ်ရာဖြင့် ထိတ်လန့်ရှော့ဖြစ်ကာ သေဆုံးခဲ့ပြီး ခရီးသည် ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
အရှင်ဖမ်းဆီးရမိခဲ့သည့် PDF တစ်ဦးကို အသေးစိတ်စစ်ဆေးခဲ့ရာ ကားပေါ်၌ သိုဝှက်သယ်ဆောင်လာသော ချေမှုန်းရေးရိုင်ဖယ်အမျိုးအစား သေနတ်အသစ် သုံးလက်နှင့် ခဲယမ်းများ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
