ဧရာဝတီတံတား (ရတနာပုံ) ပေါ်တွင် သြဂုတ် ၁၇ ရက် (ယနေ့) နံနက် ၈ နာရီခွဲဝန်းကျင်ခန့်က အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး သေဆုံး ဒဏ်ရာရရှိမှုများ ရှိခဲ့ကြောင်း စုံစမ်း သိရှိသည် ။
ဖြစ်စဉ်မှာ မန္တလေးဘက်မှ မောင်းနှင်လာသည့် အာကာသ ကသာ - မန်း express ယာဉ်ပေါ်မှ တံတားထိပ်ရှိ စစ်ဆေးရေးဂိတ်အား ပစ်ခတ်ခဲ့ရာမှ ၄င်း express ယာဉ်အား လိုက်လံ၍ ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည် ။
" မန္တလေးဘက်ကလာတဲ့ express ကားပေါ်ကနေ တံတားထိပ် နှာပေါက်က စစ်ဆေးရေးဂိတ်ကို ပစ်ခတ်သွားတာလို့ သိရတယ် ။ အဲ့မှာ လုံခြုံရေးတွေက ကားကို နောက်က လိုက်ပစ် ၊ စစ်ကိုင်းဘက်ခြမ်း စစ်ဆေးရေးအဖွဲ့ကလည်း ရှေ့ကဆီးပြီး စောင့်ပစ် ၊ အဲ့လို အပြတ်အလှန် ပစ်ခတ်မှုဖြစ်သွားတာ ။ ပစ်ခတ်မှု့ကြောင့် ကားပေါ်က ပစ်ခတ်တဲ့သူ ၃ ဦး သေဆုံးပြီး လုံခြုံရေးအဖွဲ့က ၂ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ် ။ express ကားပေါ်မှာ ခရီးသည် ဘယ်နှစ်ဦး ပါလဲဆိုတာတော့ သေချာမသိရဘူး ။ ခရီးသည် အဖိုးတစ်ဦးတော့ ဒဏ်ရာရတယ်လို့ ကြားတယ် ။ အတိအကျတော့ သေချာမသိရသေးဘူး " ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည် ။
ယင်းသို့ပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဧရာဝတီတံတား (ရတနာပုံ) ပေါ်သို့ ဖြတ်သန်းသွားလာခွင့်ကို ခေတ္တမျှ ပိတ်ထားခဲ့ပြီး ယခုအခါ ကားများကို စိစစ်၍ သွားလာခွင့်ပြုနေကြောင်း သိရှိရသည် ။
" အရင်ကတော့ တံတားပေါ်ကနေ တစ်ချက်စ နှစ်ချက်စ ပစ်နေတာမျိုးကို ကြားနေကြဆိုတော့ ရိုးနေပြီပေါ့ ။ အခုကတော့ အတွဲလိုက်တွေကို ပစ်တာ ။ ပစ်ခတ်ချိန်ကလည်း နည်းနည်းကြာတယ် " ဟု ရတနာပုံတံတားအနီး နေထိုင်သူတစ်ဦးက ပြောကြားသည် ။
"စစ်ကိုင်းဘက်ခြမ်း တံတားထိပ်မှာ Express ကားကြီး ရပ်ထားတာ တွေ့ခဲ့တယ် ။ ကားရဲ့ ဘယ်ဘက်ခြမ်းတစ်ခုလုံးက သေနတ်ကျည်ဆံရာတွေ ၂၀ ထက်မနည်း မှန်ထားတာ ။ ကားပေါ်မှာ ခရီးသည် ဘယ်လောက်ပါသလဲတော့ မသိဘူး ။ ကားကို ကျည်မှန်ထားတဲ့ပုံအရတော့ ထိခိုက်ဒဏ်ရာရသူ အတော်များနိုင်တယ် " ဟု ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တံတားပေါ်မှ သွားလာခဲ့သူတစ်ဦးက ပြောကြားခဲ့သည် ။
ယင်းသို့ ပစ်ခတ်မှုဖြစ်စဉ်ကြောင့် စစ်ကိုင်းမြို့တွင်းရှိ စာသင်ကျောင်းအချို့တွင် ကလေးငယ်များကို မိဘများမှ ပြန်လည်၍ လာရောက်ခေါ်ဆောင်မှုအချို့ ရှိခဲ့ကြောင်း သိရှိရသည် ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
