မြိတ်ဆိပ်ကမ်းရှေ့၊ ကျွန်းစုမြို့နယ်ရေပြင်တွင် ငါးဖမ်းလှေတစ်စီး မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်ပထက်ကျေးရွာအနီးရေပြင်တွင် နိုဝင်ဘာ ၂၂ ရက်နေ့ညပိုင်းကဝါ လတ်ငါးဖမ်းစက်လှေတစ်စီးဆီဖြည့်ပြီးပြန်လည်ထွက်ခွာရန် ဘတ္ထရီအိုးထောက် စက်နှိုးရာမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွား၍တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလျား ၈၅ ပေ၊အနံ ၂၄ ရှိ သစ်သားကိုယ်ထည် ဝါလတ်ငါးဖမ်းစက်လှေတစ်စီးသည် နိုဝင်ဘာ ၂၂ ရက် ည ၇ နာရီအချိန်ခန့်က ဆီဖြည့်ပြီး ပြန်လည်ထွက်ခွာရန်ဘတ္ထရီအိုးထောက်၍ စက်နှိုးရာမှအဆို ပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မီးလောင်မှုဖြစ်ပွားရာသို့ မြိတ်ခရိုင်မီးသတ်ဦးစီးမှူး ဦးစန်းဦး ဦးဆောင်သော မီးသတ်တပ်ဖွဲ့များ၊ရေကြောင်းရဲနှင့်ပရဟိတအသင်းများစုပေါင်းပြီး ဆိပ်ငယ်ဘောတံတားမှတစ်ဆင့် စက်လှေရှစ်စီး၊ Speed Boat သုံးစီး၊ ရေကြောင်းရဲတပ်ဖွဲ့စု(မြိတ်)မှ ရေယာဉ်သုံးစီးဖြင့် အပေါ့စားမီးသတ်စက်နှင့် Foam ဆေးရည်ပုံးများ တင်ဆောင်ပြီး သွားရောက်မီးငြှိမ်းသတ်ခဲ့ရာည ၇ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မီးငြှိမ်းသွားခဲ့ကြောင်းသိရသည်။
မီးလောင်မှုကြောင့် ဖျာပုံမြို့နယ်နေ အသက် ၃၈ နှစ်အရွယ် ရေလုပ်သားအမျိုးသားတစ်ဦးနှင့် အသက် ၃၀ နှစ်အရွယ် ရေလုပ်သားအမျိုးသားတစ်ဦးတို့တွင်ခန္ဓာကိုယ်မီးလောင်ဒဏ်ရာ (စိုးရိမ်ရ)ရရှိခဲ့ပြီး မြိတ်ပြည်သူ့ဆေးရုံကြီးတွင်ဆေးဝါးကုသမှုပေးထားရကြောင်းသိရသည်။ ထို့အပြင် အခြားရေလုပ်သားအမျိုးသားတစ်ဦးကိုလည်း စက်ခန်းအနီးမီးလောင်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။ မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူများကဥပဒေအတိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
