လေးနှစ်ကျော် မကျင်းပဖြစ်ခဲ့သည့် ရေကျော်ပွဲစျေးအား အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် ကျင်းပလျက်ရှိကြောင်း ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူများထံမှ သိရသည်။
နိုဝင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ အမျိုး သားနေ့အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်ပြီး ဆိုင်ခန်းနေရာများကိုလည်း သတ်မှတ်ထားကြောင်း သိရသည်။
၂၀၁၉ ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ပြီး ကိုဗစ်ကူးစက်မှုရောဂါကြောင့် ရေကျော်ပွဲစျေးကို မကျင်းပနိုင်ခဲ့ဘဲ ယခုနှစ်မှသာ ပြန်လည်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ဒီနှစ်မှ ပြန်ကျင်းပတာ။ ဆိုင်ခန်းတွေလည်း အရင်အရေအတွက်လောက်တော့ရှိတယ်။ အရင်တုန်းက သီတင်းကျွတ်ကာလမှာလုပ်တာ။ အစဉ်အလာပဲပေါ့။ ငါးရက်လုပ်တယ်။ ဒီနှစ်ကတော့ အမျိုးသားနေ့အထိမ်း အမှတ်အနေနဲ့ လုပ်တာလို့ ပြောတယ်”ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ရေကျော်ပွဲစျေးကို မြန်မာနိုင်ငံလွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ်မှ စတင်ကာ ပုဇွန်တောင် အမှတ် ၈ ရပ်ကွက်သူ ရပ်ကွက်သားများက စတင်ကာ ကျင်းပခဲ့ပြီး နှစ်စဉ်မပြတ်ကျင်းပခဲ့ခြင်းဖြစ်သည်ဟု သိရ သည်။
“အရင်ခေတ်တွေတုန်းကတော့ ပွဲစျေးသပ်သပ်ပုံစံပဲ။ ၁၉၉၀ ပြည့်နှစ်ကျော်မှာတုန်းကတော့ လူငယ်တွေက ခေတ်ပေါ်ဒီဇိုင်းတွေ နဲ့ ဆန်းသစ်ပြီး လည်ပတ်ကြတာရှိတယ်။ ပန့်ခ်တို့ဘာတို့နဲ့ပေါ့”ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
ရေကျော်ပွဲစျေးကို ယခင်က အောက်တိုဘာလပိုင်းတွင် နှစ်စဉ် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
