မြန်မာနိုင်ငံတွင် ဆိပ်ကမ်း (Gate Way) သည် ရန်ကုန်မြို့တစ်ခုတည်းမှာသာရှိသဖြင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ထိုင်း၊ ပါကစ္စတန်၊ အိန္ဒိယ စသည့်ဆန်တင်ပို့မှုများသော နိုင်ငံများနှင့်ယှဉ်ပြိုင်ပါက မြန်မာ့ဆန်ကို နောက်ဆုံးမှသာဝယ်ယူလိုသည့် အနေအထားရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။
“ယှဉ်ပြိုင်မှုများတဲ့အချိန်မှာ နိုင်ငံတကာက ကုန်ပစ္စည်းဝယ်တဲ့ ဝယ်သူတွေနဲ့ တွေ့တိုင်းတွေ့တိုင်း သူတို့ကပြောတာ Think Myanmar Last (မြန်မာကို နောက်ဆုံးမှစဉ်းစားတယ်) ထိုင်းကဝယ်လို့ရရင် ထိုင်းကဝယ်တယ်။ ပါကစ္စတန်ကဝယ်လို့ရရင် ပါကစ္စတန်ကဝယ်တယ်။ အိန္ဒိယကဝယ်လို့ရရင် အိန္ဒိယကဝယ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနိုင်ငံတွေက ကြိုတင်ခန့်မှန်းလို့လည်းရတယ်။ သူတို့ရဲ့အခြေအနေတွေက ကောင်းတယ်။ အခြေခံအဆောက်အအုံတွေကောင်းတယ်။ အထူးသဖြင့် Gate Way လို့ခေါ်တဲ့ Export လုပ်တဲ့ Gate Way က မြန်မာပြည်က ပင်လယ်ရေကြောင်း ဆို ရန်ကုန်တစ်ခုပဲရှိတယ်။ ရန်ကုန်က ဆိပ်ကမ်းကကျပ်နေတယ်ဆိုရင် စရိတ်တွေကများတော့ ဆန်ဆိုလို့ရှိရင် ထိုင်းတို့ ပါကစ္စတန်တို့ အိန္ဒိယတို့ကရောင်းနေရင် တော်တော်ထိုးဖောက်ပြီးတော့ ရောင်းနေရပါတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားသည်။
ယင်းကဲ့သို့ အခက်အခဲများရှိနေသော်လည်း အီးယူက ပေးအပ်ထားသည့် GSP/EBA အခွင့်အရေးကြောင့် မြန်မာနိုင်ငံက ဆန်ကိုဝယ်ယူပါက အခြားသော ဆန်တင်ပို့နေသည့် နိုင်ငံများထက် တစ်တန်ကိုဒေါ်လာ ၂၀၀ ကျော်သက်သာသည်။ ထို့အတွက်ကြောင့်သာ နိုင်ငံတကာက ဆန်ဝယ်ယူသူများက မြန်မာဆန်ကို လက်ရှိတွင် ဝယ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
“ဝယ်သူတွေကို Think Myanmar First (ပထမဦးဆုံး ဆွဲဆောင်နိုင်တာ) GSP/EBA ပဲ။ တစ်တန်ဝယ်ရရင် ဒေါ်လာနှစ်ရာကျော်လောက် သက်သာတယ်” ဟု ဦး ရဲမင်းအောင်က ပြောကြားသည်။
GSP/EBA အခွင့်အရေး ပြန်လည်ရုပ်သိမ်းပါက မြန်မာနိုင်ငံအနေဖြင့် ဆန်တင်ပို့ရာတွင် တခြားနိုင်ငံများနှင့် ပိုမိုယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရှိတွင် ဆိပ်ကမ်းနှင့် သိုလှောင်ရုံလုံလောက်မှုမရှိခြင်းက ပို၍စိန်ခေါ်မှုဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဇန်နဝါရီ ၅ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် “Democracy , Poverty and GSP”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
၂၀၁၈ ခုနှစ် ဧပြီမှ ဒီဇင်ဘာလအကုန်အထိ ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၇ သန်း ကျော်တင်ပို့မှုမှ ဒေါ်လာသန်း ၅၈၀ ခန့်ရရှိိထားသော်လည်း ယခင်နှစ်ကာလတူထက် တန်ချိန်ရှစ်သိန်းကျော်အထိ လျော့ကျသဖြင့် ဝင်ငွေ ဒေါ်လာသန်း ၂၁၀ ကျော်အထိလျော့ ကျခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
၂၀၁၈ ခုနှစ် ဧပြီ ၁ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၇၁၇ သန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၅၇၈ ဒသမ ၈၀၇ သန်းရရှိထားပြီး ယခင်နှစ်ကာလတူတွင်မူတွင် တန်ချိန်၂ ဒသမ ၅၄၂ သန်းကျော်တင်ပို့မှုမှ ဒေါ်လာ ၇၈၉ ဒသမ ၇၈၀ သန်း အထိရရှိထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
